21.3.13

ကချင်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်တို့ နေရပ်ပြန်ပို့ရန် စီစဉ်

ကချင် စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ရှောင်တိမ်းပြီး အစိုးရ ထိန်းချုပ် နယ်မြေ၌ ခိုလှုံ နေသူ များကို မူလ နေရပ်သို့ ပြန်လည် ပို့ဆောင် တော့မည်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ရွှေလီတွင် မတ်လ ၁၁၊ ၁၂ ရက်နေ့ များ၌ ဆွေးနွေး ပြီးနောက် ငြိမ်းချမ်းရေး ရောင်ခြည် သန်းနေပြီ ဖြစ်သည့် အတွက်
ပြန်ပို့မည့် အစီ အစဉ်ကို အရပ် ဘက်ဆိုင်ရာ လူ့အဖွဲ့ အစည်း များနှင့် ဆွေးနွေးမှု စတင်ပြုလုပ် နေပြီဟု ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုသည်။

”အခု ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ ဝန်ကြီး တွေက အဖွဲ့အစည်း တွေနဲ့ နေ့တိုင်း တွေ့နေကြ ပါတယ်။ အဲဒီ ကိစ္စကို ဆောင်ရွက် ကြဖို့ပါ” ဟု ပြောသည်။၂ဝ၁၁ ခုနှစ် ဇွန်လ နောက်ပိုင်း အစိုးရ ထိန်းချုပ်မှု နယ်မြေ ဖြစ်သော မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် အစ ရှိသည့် နေရာ တို့၌ ကယ်ဆယ် ရေးစခန်း ၁၁၂ ခုကို ဖွင့်လှစ် ထားရာ ဒုက္ခသည် ဦးရေ ၃၈ဝဝဝ ရှိနေ သည်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့ စာရင်းမှ သိရသည်။ဖားကန့် ဒေသ ကယ်ဆယ်ရေး စခန်း ရောက်သူ တစ်ဦးက ”ငြိမ်းချမ်း ရေးဆွေးနွေး တယ်လို့ ကြားရင် ဘယ်တော့ ပြန်ရမ လဲ နေ့တိုင်း တွေးနေ တာပါ” ဟု ပြောသည်။ စစ်ဘေးကြောင့် ထွက်ပြေးနေ ရသည့် ဒုက္ခသည် များမှာ KIO ထိန်းချုပ် နယ်မြေ တွင် ဦးရေ ၇ဝဝဝဝ ခန့် ရှိကြောင်း ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီတွင် သတင်း ထုတ်ပြန် ထားသည်။

ကချင် ပြည်နယ်တွင် စစ်ရေး အခြေအနေ မတည် ငြိမ်မှုကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လ နောက်ပိုင်း အသွား အလာ ပြတ်တောက် ခဲ့သည့် အရှည် ၁၁၄ မိုင်ရှိသော မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို လည်း ယခုလ ၁၈ ရက်တွင် ပြန်လည်ဖွင့် လှစ်ခဲ့ပြီး ထိုည ၇ နာရီတွင် ဘင်ကား သုံးစီး၊ ဟိုင်းလတ် နှစ်စီး စတင်ဖြတ်သန်းခဲ့ သည်ဟု ကချင် ပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဌာနက အတည် ပြုသည်။ ထို့အတူ ၂ဝ၁၁ ခုနှစ် ဇွန်လ မတိုင်ခင် ပိတ်သိမ်းသွား ခဲ့သော KIO ဆက်ဆံရေး ရုံးအား ပြန်လည် ဖွင့်လှစ်သွား နိုင်ရန်ရှင်း လင်းမှုတို့ ပြုလုပ် နေကြ ကြောင်းလည်း မျက်မြင် သက်သေ မြစ်ကြီး နားမြို့ခံ တို့မှ သိရသည်။

0 comments:

Post a Comment