21.3.13

ဂျပန် ယူ-၁၅ အသင်း မြန်မာနိုင်ငံသို့ လာမည်

ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည် မြန်မာနိုင်ငံတွင် ၇ ရက်ကြာ စခန်းသွင်း လေ့ကျင့်မှုများ လာရောက်၍ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။ ယင်းသည် မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် စခန်းသွင်း လေ့ကျင့်မှုများ လာရောက်၍ ပြုလုပ်နေစဉ် ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည်
မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း၊ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
ဂျပန် ယူ-၁၅ အသင်းသည် ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည် ဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။ ဂျပန် ယူ-၁၅ အသင်းသည် မြန်မာနိုင်ငံတွင် လာရောက်၍ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ကာလအတွင်း ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် နေထိုင်၊ စားသောက် သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ၎င်းတို့အတွက် လေ့ကျင့်ရေးကွင်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် အခြား လိုအပ်သည် များအား ပံ့ပိုးပေးသွားမည် ဖြစ်သည်။

0 comments:

Post a Comment