19.12.16

၆ နှစ်တာကာလအတွင်း နိုင်ငံငွေကြေးဖောင်းပွမှုအမြင့်ဆုံးကိုရောက်လာ

Image may contain: 1 person
၆ နှစ်တာကာလအတွင်း နိုင်ငံငွေကြေးဖောင်းပွမှုအမြင့်ဆုံးကိုရောက်လာတယ်လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံ စာနဲ့ ပြည်တွင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမ ၆ လတာကိန်းဂဏန်တွေအပေါ်မှာ တွက်ချက်ထားတဲ့ နိုင်ငံငွေကြေးဖောင်းပွမှုက ၁၁ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်တယ်လို့ အဆိုပါကော်မတီရဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာမှာပါရှိတာဖစ်ပါတယ်။ အခုနှစ်ရဲ့ဘဏ္ဍာငွေအရအသုံးကြို တင်ခန့်မှန်းချက်မှာတော့ နိုင်ငံငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၁ ဒသမ ၆၈ရာခိုင်နှုန်းအထိရှိလာမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၉၀ ရာခိုင်နှုန်းအသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာလည်း နိုင်ငံငွေကြေးဖောင်းပွမှုက ၁၁ ဒသမ ၄၄ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ်။ ယင်းနှစ်အ တွင်းဖြစ်ပေါ်ခဲ့တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အစားအစာဈေးနှုန်းတွေမြင်တက်ခဲ့တာကြောင့်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)မှာဖော်ပြ ထားပါတယ်။

ငွေကြေးဖောင်းပွမှုကြောင့် အခြေခံကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ နိုင်ငံစီး ပွားရေးရိုက်ခတ်မှုတွေ ဖြစ်စေတာကြောင့်လည်း ငွကြေး ဖောင်းပွမှုကိုအားပေးတဲ့ အစိုးရအသုံးစရိတ်လျော့ချရေးနဲ့ ပိုကုန်ကဏ္ဍဖွံ့ဖြိုးရေးကို အမှန်တကယ်လုပ်ဆောင်ဖို့လိုတယ်လို့ စီးပွားရေးနဲ့ဘတ်ဂျက်ပညာရှင်ဇော်ဖေ၀င်းက တိုက်တွန်းပြောဆိုပါတယ်။

ဒီခြောက်နှစ်တာအတွင်းမှာ အစိုးရရဲ့ဘတ်ဂျက်လိုငွေပိုမိုမြင်​မားလာသလို၊နိုင်ငံခြားငွေကြေးလဲ လှယ်နှုန်းတွေတောက်လျှာက်မြင့်တက်မှုနဲ့ ကုန်သွယ်ရေးလိုငွေတွေကို စနစ်တကျထိန်းသိမ်းဖို့လိုအပ်နေပြီလို့ စီးပွားရေးပညာ ရှင်တွေကသတိပေးပြောဆိုပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment