19.12.16

ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍမှာ ၀င်ရောက်လုပ်ကိုင်တဲ့ လုပ်သားအရေအတွက် ၄ သိန်းကျော်အထိရှိလာ


Image may contain: outdoor

ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍမှာ ၀င်ရောက်လုပ်ကိုင်တဲ့ လုပ်သားအရေအတွက်က ၄ သိန်းကျော်အထိရှိနေတယလို့ မြန် မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေထံကသိရပါတယ်။

ထိုကဲ့သို့လုပ်သားအင်အားဖန်တီးမှုကြီးမားတဲ့ အထည်ချုပ်လုပ်ငန်းခွင့်အတွင်းက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုရှိစေဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမာအဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီလို့လည်း အသင်းထံကသိရပါတယ်။

အသင်းတာဝန်ရှိသူက “ အထည်ချုပ်လုပ်ငန်းခွင့် တည်ငြိမ်အေးချမ်းမှုရှိစေဖို့ အသင်းကလည်းလုပ်ဆောင်နေသလို အလုပ်သ မားသမဂ္ဂတွေရဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်၊ အလုပ်သမားအများစုက ဥပဒေမှာဘာတွေဖော်ပြထားတယ်ဆိုတာ သူ တို့ကိုယ်တိုင်သိနားလည်မှုက လုပ်ငန်းခွင့်အပေါ်အထောက်အကြူုပုတာကြောင့် ဒါတွေနားလည်အောင်လည်းILO နဲ့လည်းပူးပေါင်းလုပ်ဆောင်နေပါတယ်”လို့ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းပြည်ပအထည်ချုပ်လုပ်ငန်းပေါင်း ၄၀၀ ၀န်းကျင်အထိရှိလာပြီး လုပ်သားအရေအတွက်က လည်း အရင်နှစ်တွေထက် ပိုပြီးတိုးပွားလာတာကြောင့် လုပ်ငန်းခွင့် တည်ငြိမ်ရေးအတွက် ပြည်တွင်းအလုပသမားသမဂ္ဂတွေအပြင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ပြည်တွင်းဝင်ရောက်ရင်းနှီးမြုပ်နှံတဲ့ စီးပွားရေလုပ်ငန်းတွေထဲမှာ အထည် ချုပ်လုပ်ငန်းကအများဆုံးဖြစ်ပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာလည်း အများဆုံးဖြစ်တာကြောင့် အထည်ချုပ်လုပ်ငန်းကဏ္ဍပိုမိုတိုးတက်စေဖို့ အလေးထားလုပ်ဆောင်နေရတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာလည်း အခြားသောတိုင်းနယ်ပြည်နယ်တွေရဲ့ အလုပ်ကိုအ ခွင့်အလမ်းတွေအတွက် အထည်ချုပ်လုပ်ငန်းစက်မဇုန်တွေ တိုးချဲ့အကောင်အထည်ဖော်လျှက်ရှိတယ်လို့ သိရပါတယ်။



Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment