20.12.16

ဒေါ်လာငွေလဲဈေးနှုန်းဆက်လက် ကျဆင်း၊ ၁၄၀၀ အောက်သို့ပြန်လည်ရောက်ရှိ

Image may contain: one or more people
ဒေါ်လာဈေးမှာဆက်လက်ကျဆင်းလျှက်ရှိပြီးတော့ ယခုအချိန်မှာ ၁၄၀၀အောက်သို့ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

ယနေ့ နေ့လည် ၂ နာရီ ဈေးနှုန်းများအရ ဒေါ်လာလဲလှယ်နှုန်းမှာတစ်ဒေါ်လာ ၁၃၉၃ ကျပ် သို့ပြန်လည်ကျဆင်းသွားပါတယ်။နေ့လယ် ၂နာရီခွဲမှာ ရောင်းဈေး ၁၃၉၀ ရှိနေပြီး၊ ၀ယ်ဈေး ၁၃၇၅ ရှိနေပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းမှာဒေါ်လာဈေးဟာ ၁၃၅၀ ကျပ် ၀န်းကျင်မှာရှိခဲ့ရာမှတဖြည်းဖြည်းမြင့်တက်လာရာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာစံချိန်တင်အဖြစ၁၄၀၀ ကျပ် ကို ပထမဆုံးအကြိမ်ကျော်ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာ ၁၈ ရက်န့မှာတော့ ၁၄၃၀ ကျပ်မှာရှိခဲ့ပြီးတော့ဆက်တိုက် ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment