20.12.16

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အတိုးနှုန်းများ ပြင်ဆင်မည်

 ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၇ တွင် အတိုးနှုန်းများလျှော့ချနိုင်ရန် ပြင်ဆင်နေကြောင်း အဆိုပါဘဏ် ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောကြား သည်။

ဘဏ်သို့ အိမ်ရာဝယ်ယူရန် လာရောက်ငွေစုထားသူများကို အပ်ငွေ အတိုးနှုန်း ၁၀ရာခိုင်နှုန်း သတ်မှတ်ထားပြီး ချေးငွေအတိုး နှုန်းသည် ၁၂ ရာခိုင်နှုန်းဖြစ်နေသောကြောင့် အဆိုပါအတိုးနှုန်းကို ပြင်ဆင်မည်ဖြစ်ကြောင်းဦးဝင်းဇော်က ဆိုသည်။
သက်ဆိုင်ရာ ဆောက်လုပ် ရေး ၀န်ကြီးဌာနနှင့် ဆွေးနွေး လျက်ရှိပြီး အတိုးနှုန်းကို လျှော့ချပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောအတိအကျပြောကြား၍မရသေးကြောင်း ၎င်းကဆိုသည်။
ဘဏ်၏ ပင်မငွေများလည် ပတ်နိုင်ရေး နိုင်ငံတကာမှလည်း ငွေချေးယူရန် ညှိနှိုင်းမှု ပြုလုပ် ထားသည်ဟုဆိုသည်။
လက်ရှိဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ရန် ကုန်မြို့၌ တည်ဆောက် ပြီးစီးနေသော တန်ဖိုးသင့်၊ တန်ဖိုး နည်း အိမ်ရာအချို့ ၀ယ်ယူနိုင် ရန် ယင်းဘဏ်တွင်ငွေစုထားသူ များထဲမှ ၃၀ ရာခိုင်နှုန်းပြည့်မီသူ များအား စတင် ငွေချေးခြင်းများပြု လုပ်နေပြီဖြစ်သည်။
ငွေချေးရာတွင် အခန်းပေး အခန်းယူစနစ်ဖြင့် တည်ဆောက် သည့် လုပ်ငန်းရှင်များကို ငွေမ ချေးဘဲ တိုက်ရိုက်ကိုယ်ပိုင်မြေ တွင် တည်ဆောက်မည့် ကုမ္ပဏီ များကိုသာ ငွေချေးပေးလျက်ရှိ ကြောင်းသတင်းရရှိသည်။
‘‘ပုဂ္ဂလိက ဘဏ်တွေထက် အတိုးနှုန်းနည်းအောင် လုပ်ပေး ရင်တော့ ပြည်သူက စိတ်ဝင်စား မှာပဲ။ အခုဒီဘဏ်ကလည်း ဖွင့် တာသိပ်မကြာသေးတော့ လည် ပတ်ဖို့တော်တော်လေးအရှိန်ယူ နေရတယ်’’ ဟု အဆိုပါဘဏ်မှချေးငွေယူပြီး လုပ်ငန်းလည်ပတ်နေသည့် သပြေရိပ်ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးအောင်ကြီးက သုံးသပ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ၀င်ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များစုစည်းပြီး စတင်တည်ထောင် ခြင်းဖြစ်သည်။ ၂၀၁၃ဇူလိုင်တွင် ဗဟိုဘဏ်မှ ဘဏ်လိုင်စင်ရရှိခဲ့ ပြီး ငွေချေးခြင်းလုပ်ငန်းများလည် ပတ်နေသည်မှာ သုံးနှစ်ကျော်လာ ပြီဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment