9.12.16

ငွေကြေးထောက်ပံ့နေသူများ ဖမ်းဆီးရမိ


မောင်တော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအတွက် ပြည်ပမှငွေကြေး လွှဲပြောင်းလက်ခံသူ စုစုပေါင်း ငါးဦး ဖမ်းဆီးရမိခဲ့ပြီး ¤င်းတို့အား ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၆ ရက် ညနေ ၅ နာရီ ခွဲတွင် သဝန်ချောင်း (မြောက်) ကျေးရွာနှင့် ချိန်ခါလီကျေးရွာတို့သို့ သွားရောက် စစ်ဆေးရာ အကြမ်းဖက်တိုက်ခိုက် မှုများ ဆောင်ရွက်ရန်အတွက် တစ်ဖက် နိုင်ငံမှ ငွေကြေးများ လွှဲပြောင်း၊ လက်ခံရယူပြီး လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း၊ မသင်္ကာသူ လေးဦးအား ငွေကျပ်သိန်း ၃ဝ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ¤င်းတို့၏ ထွက်ဆိုချက်များအရ အကြမ်းဖက် တိုက်ခိုက်သူများအား ထောက်ပံ့ငွေ များ လွှဲပြောင်းပေးအပ်သူ အီမာန်နူရ် ဆောင်းအား ယနေ့ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment