9.12.16

ရှမ်းမြောက်ကို ပူးပေါင်းအဖွဲ့က အင်အား ၂၀၀၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့ဟုဆို

ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသရှိ တပ်စခန်းများ၊ ရဲ စခန်းများနှင့် ကင်းစခန်းများအား KIA၊ TNLA၊ MNDAA၊ AA လက် နက်ကိုင်ပူးပေါင်းအဖွဲ့များက အင်အားနှစ်ထောင်ခန့် အသုံးပြုပြီးတိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ဒီဇင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင်အဖွဲ့များသည် ပူး ပေါင်းအင်အားစုဖွဲ့ရာတွင် တပ် စခန်းများ၊ ရဲစခန်း၊ ရဲကင်းများ နှင့် လုံခြုံရေးကင်းစခန်းများအား တိုက်ခိုက်ရေးအင်အား ၁,၅၀၀ ခန့်၊ တပ်မတော်၏စစ်ကူတပ်များ မရောက်ရှိစေရန် စစ်ကြောင်းများ အား နေရာဖြန့်ခွဲ၍ ပိတ်ဆို့ဖြတ် တောက်ရေးအတွက် အင်အား ၅၀၀ ခန့် စုစုပေါင်းအင်အား ၂,၀၀၀ ခန့်ဖြင့် အင်အားသုံး ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

‘‘ကျွန်တော်တို့လေးဖွဲ့စလုံး ပူးပေါင်းပြီး တိုက်ခိုက်တာတော့ ရှိတာပေါ့။ အင်အားကတော့ ပြောသလို ထောင်ဂဏန်း အဲဒီလောက် တော့ မသုံးပါဘူး’’ဟု TNLA သ တင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်က တပ်မ တော်၏သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၈ ရက်ည က ပြောသည်။

တပ်မတော်နှင့် လက်နက် ကိုင်ပူးပေါင်းအဖွဲ့တို့ အကြား တိုက်ပွဲမဖြစ်ပွားသည်မှာ နှစ်ရက် ရှိပြီဟုလည်း ၎င်းက ဆိုသည်။

လက်နက်ကိုင်ပူးပေါင်းအ ဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစ ခန်းအပါအဝင် အစိုးရလုံခြုံရေး တပ်စခန်းများအား တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ သည့်အပြင် အရပ်သားသေဆုံး ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ပြီး ကုန် သွယ်ရေးလုပ်ငန်းများလည်း ရပ် တန့်ခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၀ ရက် မှစတင်၍ တပ်မတော်နှင့်လက် နက်ကိုင်ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့ရာ မုံး ကိုးဒေသတွင် တိုက်ပွဲများပြင်း ထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သတင်း ရရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment