9.12.16

ထိုင်းစစ်တပ်နှင့်ပစ်ခတ်မှုအတွင်း မူးယစ် ဆေးဝါးရောင်းဝယ်သူ ခုနစ်ဦးသေဆုံး

 ရွှေတြိဂံနယ်စပ် ဒေသအနီးတွင် ညပိုင်းကင်းလှည့် နေစဉ် ထိုင်းစစ်တပ်နှင့် အပြန်အ လှန်ပစ်ခတ်မှုအတွင်း မူးယစ် ဆေးဝါးတရားမ၀င်ရောင်းဝယ် သူ ‘၀’တိုင်းရင်းသား ခုနစ်ဦးသေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က ဒီဇင်ဘာ ၈ ရက်တွင်ပြော သည်။


ထိုတောင်တန်း ဒေသကို ခြေလျင်ခရီးသွားသော ‘၀’တိုင်းရင်းသား ခုနစ်ဦးသည် ရှာဖွေစစ်ဆေးရန် ရပ်ခိုင်းမှုကို ငြင်းဆိုခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လိုသူ စစ်တပ်အရာရှိတစ်ဦးက ပြောသည်။
‘‘၀တိုင်းရင်းသားတွေလို့ ထင်ရတဲ့ ဒီသေဆုံးသူ ခုနစ်ဦးက ချင်းရိုင်ပြည်နယ်ကို မူးယစ်ဆေး ၀ါးတရားမ၀င်ပို့ဆောင်နေကြ တာပါ’’ဟု ၎င်းက အေအက်ဖ်ပီ သတင်းဌာနအား ပြောသည်။
အဆိုပါဖြစ်ရပ်သည် ဒီဇင် ဘာ ၇ ရက် နံနက် ၁ နာရီဝန်းကျင် တွင် မြန်မာနိုင်ငံနှင့် နယ်စပ်အနီး ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘၀’တိုင်းရင်းသားအများစု သည် ၎င်းတို့၏အင်အားတောင့်တင်းသော လက်နက်ကိုင်တပ်ဖွဲ့က ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသ ၌ အခြေချနေထိုင်ကြသည်။
သို့သော်အချို့‘၀’တိုင်းရင်း သားများသည် ထိုင်းနိုင်ငံမြောက် ပိုင်း နာမည်ဆိုးဖြင့်ကျော်ကြား သော ရွှေတြိဂံဒေသတွင် အခြေ ချနေထိုင်ကြသည်။
သေနတ် ပစ်ခတ်မှုပြီး နောက် ထိုင်းစစ်တပ်အဖွဲ့က စိတ်ကြွရူးသွပ်ဆေးပြား ၅၅၄,၀၀၀၊ ခန့်မှန်းခြေဘိန်းဖြူ ၆၆ ပေါင်နှင့်  ကေအေ-၄၇ အမျိုးအစားသေ နတ်တစ်လက်တို့ကို သိမ်းဆည်း ရမိကြောင်း ထိုတာဝန်ရှိသူက ပြောသည်။
တရားမ၀င်မူးယစ်ဆေးဝါး ကုန်သွယ်မှုပြုလုပ်ရာတွင် အချက်အချာကျသော ရွှေတြိဂံဒေသသည် အာရှ၌ မူးယစ်ဆေးဝါးဝယ်လိုအား မြင့်တက်လာ သောအခါ မကြာသေးမီက စိတ်ကြွရူးသွပ်ဆေးပြားအများအပြားကို အဓိကထုတ်လုပ်ရာ နေရာ တစ်ခုဖြစ်လာခဲ့သည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး၏ နောက်ဆုံးတင်ပြချက်အရ တစ်ကမ္ဘာလုံး ၌ စိတ်ကြွမူးယစ်ဆေးဝါးသိမ်း ဆည်းရမိမှုသည် ၂၀၁၄ တွင် တန် ၁၇၀ ကျော်ရှိခဲ့ပြီး အရှေ့တောင် အာရှ၊ အာရှအရှေ့ပိုင်းနှင့် မြောက်အမေရိကတို့သည် အဓိ ကဈေးကွက် သုံးခုဖြစ်ကြောင်း သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment