9.12.16

၂၀၁၇ တွင် ထရပ်ကား တင်သွင်းမှု မြင့်လာနိုင်

၂၀၁၇ မော်တော်ယာဉ် တင်သွင်းခွင့် မူအသစ်ကြောင့် နှစ်သစ်တွင် ထရပ်ကားတင်သွင်းမှု မြင့်တက်လာနိုင်ကြောင်း ကားတင်သွင်းရောင်းချသူများက သုံးသပ်သည်။

တစ်ဦးချင်း တင်သွင်းခွင့်ရ သည့် ပါမစ်တွင်လည်း ကုန်တင် ယာဉ်များကို ၂၀၀၇ မှ ၂၀၁၄ အထိ သတ်မှတ်ပေးထားရာ ထရပ်အမျိုးအစားသည် အနိမ့်ဆုံး မော်ဒယ် ၂၀၀၇ အထိ တင်သွင်းခွင့်ရရှိခြင်းကြောင့် လာမည့် ၂၀၁၇ တွင် ထရပ်ကားများ တင်သွင်းမှု ပိုမိုမြင့်တက်လာနိုင်ကြောင်း မြမင်းဧရာ ကားအရောင်း ပြခန်းပိုင်ရှင်က သုံးသပ်သည်။

‘‘ပထမထွက်တဲ့ သတင်း တွေ အတိုင်းပါပဲ။ ဖရီးပါမစ်က ၂၀၁၅ က စမှာဆိုတော့ သွင်း စရာသိပ်မရှိဘူး။ စလစ်ကပ်က လည်း ၂၀၁၁ ဆိုတော့ တော် တော်လေး ဟသွားပြီ။ ဈေးသက် သက်သာသာနဲ့ သွင်းဖို့ဆိုရင် ထရပ်အမျိုးအစားပဲရှိမယ်။ ၂၀၀၇ ဆိုတော့ သွင်းဖို့အတော် များများ ကျန်သေးတယ်။ အဲဒါကြောင့် နောက်နှစ်ထဲမှာ ထရပ်ကားတွေ ပိုပြီး အရောင်းအဝယ် ဖြစ်လာလိမ့်မယ်’’ဟု မော်တော်ယာဉ်တင်သွင်းသူတစ်ဦးကပြောသည်။

ထရပ်ကားအများစုကို တရုတ်နှင့် ကိုရီးယားနိုင်ငံမှ လက်ရှိတွင် ဆိပ်ကမ်းမှရော နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကပါ တင်သွင်းနေပြီး ၂၀၁၇ တွင် အရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း မော်တော်ယာဉ် တင်သွင်း ရောင်းချသူများက သုံးသပ်သည်။

၂၀၁၇ မော်တော်ယာဉ် တင်သွင်းခုနှစ်ပုံစံတွင် စလစ်ကပ် ပါမစ်ကို လူစီး မော်တော်ယာဉ် အတွက် ၂၀၁၁ မှ ၂၀၁၄၊ ၁၃၅၀ စီစီနှင့် အောက် လူစီးယာဉ်များ အတွက် ၂၀၁၁ မှ ၂၀၁၇၊ ကုန် တင်ယာဉ်များအတွက် ၂၀၀၇ မှ ၂၀၁၄ အထိ၊ ခရီးသည်တင်ယာဉ် များအတွက် ၂၀၀၇ မှ ၂၀၁၄ အထိ သတ်မှတ်ပေးထားသည်။

ထို့ကြောင့် ၂၀၁၇ တွင် ရောက်ရှိခုနှစ်ထက် ၂ နှစ်နိမ့် မော်ဒယ်ကားများ တင်သွင်းမည် ဆိုပါက ဘယ်မောင်းသာ တင် သွင်းခွင့်ရမည်ဟု သတ်မှတ်ထား သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment