5.12.16

SRT ယာဉ်လိုင်း အရှုံးပေါ်ခြင်းကြောင့် ဒီဇင်ဘာ ၇ ရက်မှ စပြီး အပြီးတိုင် ရပ်ဆိုင်းတော့မည်၊ ပြေးဆွဲပြီး တစ်နှစ်နှင့် ရှစ်လအကြာတွင် ရပ်ဆိုင်းလိုက်ခြင်းဖြစ်

SRT ယာဉ်လိုင်း အရှုံးပေါ်ခြင်းကြောင့် ဒီဇင်ဘာ ၇ ရက်မှ စပြီး အပြီးတိုင် ရပ်ဆိုင်းတော့မည်၊ ပြေးဆွဲပြီး တစ်နှစ်နှင့် ရှစ်လအကြာတွင် ရပ်ဆိုင်းလိုက်ခြင်းဖြစ်
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် SRT ယာဉ်လိုင်းသည် အရှုံးပေါ်ခြင်းကြောင့် ပြေးဆွဲပြီး တစ်နှစ်နှင့် ရှစ်လအကြာတွင်အပြီးတိုင်ရပ်ဆိုင်းတော့မည်ကြောင်း သိရသည်။
အဆိုပါ ယာဉ်လိုင်းပြေးဆွဲမှုကို ဒီဇင်ဘာ ၇ ရက်နေ့တွင် အပြီးတိုင်ရပ်ဆိုင်းမည်ဟု တရားဝင်ကြေညာလိုက်ပြီးဖြစ်ကာ ယခုအခါတွင် ယင်းယာဉ်လိုင်းမှ ထုတ်ပေးထားသည့် ငွေပေးချေကတ်များကို ပြန်လည်ရုပ်သိမ်းလျက်ရှိကြောင်း သိရသည်။

"အဓိကကတော့SRT က တခြားလိုင်းတွေနဲ့မတူတဲ့ ပုံစံနဲ့ဆွဲခဲ့တယ်။ ခရီးသည်တွေ အဆင်ပြေဖို့လုံခြုံဖို့ကို ဦးစားပေးဆွဲခဲ့တယ်။ ၀န်ဆောင်မှုကို အဓိကထားပြီး အကျိုးအမြတ်ကို အဓိကထားပြီးမလုပ်ခဲ့ဘူး။ ကျွန်တော် တို့ ခြောက်လတစ်ခါ ရှုံးတာကို တင်ပြတုန်းကလည်း ကျွန်တော်တို့ကို တာဝန်ယူထားတဲ့ဌာနက ဆက်လုပ်ဖို့ခိုင်းတယ်။ ကူညီပေးမယ်ပြောတယ်။ ဒါပေမဲ့ အခု တစ်နှစ်ကျော်တယ် ဆိုတာတောင် တော်တော်များလာပြီ။ အခက်အခဲတွေဖြစ်လာတယ်။ ပြီးတော့ အရှုံးခံပြီးလုပ်တဲ့အတွက် ပြောစရာတွေဖြစ်လာတယ်။ ဒါပေမဲ့ လူကြီးတွေက ဆက်လုပ်ကူညီပေးမယ်ဆိုတော့ ယုံကြည်ပြီးတော့ ဆက်လုပ်ခဲ့တယ်။ အခုတော့ အများပိုင်ဘက် ကို ပြောဖို့ဆိုတော့ ပြော ဖို့လုပ်တယ်။ ဒါပေမဲ့ အခုထိအောင် အများပိုင်ကုမ္ပဏီတွေကလည်း မပေါ်လာသေးဘူး။ အဲဒီတော့ အရှုံးကာလကြီးကို ရေရှည်မဆွဲထား နိုင်တော့လို့ ရပ်လိုက်တာပါ။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ ခရီးသည်တွေကိုလည်း အားနာပါတယ်"ဟု SRT ယာဉ်လိုင်းမှ မန်နေ ဂျာတစ်ဦးက ဒီဇင်ဘာ ၂ ရက်က ပြောသည်။

ယခုအခါတွင် အဆိုပါယာဉ်လိုင်းအနေဖြင့် အများပိုင်ကုမ္ပဏီများ ပေါ်ပေါက်လာပါက ပါဝင်နိုင်ရန် အဆင်သင့် ပြင်ဆင်ထား ကြောင်း၊ ယင်းယာဉ်လိုင်းမှ ၀န်ထမ်းများကိုလည်း မဟာမိတ်လုပ်ထားသည့် ယာဉ်လိုင်း များသို့ ပြောင်းရွှေ့ပေးနိုင်ရန်၊ ၀န်ထမ်းများ နစ်နာမှုမရှိစေရန် စီစဉ်ထားကြောင်း သိရသည်။ "အများပိုင်ကုမ္ပဏီရှစ်ခုရှိလာရင်တော့ ယာဉ်လိုင်းတစ်ခုအနေနဲ့ ပါလာမှာပါ။ အဲဒီအခါကျတော့ တခြားနာမည်တစ်ခုခု နဲ့ ဖြစ်မှာပေါ့။ အဲဒီမတိုင်ခင်တွေ ရပ်ထားပါမယ်။ ၀န်ထမ်းတွေကိုလည်း တခြားလိုင်း တွေကိုပြောပေးတာတို့၊ အလုပ်ပေးတာတွေ လုပ်သွားမှာပါ။ ၀န် ထမ်းတွေ မနစ်နာအောင် လုပ်ပေးမယ်။ တကယ်လို့ စီစဉ်သလို မလုပ်ချင်ဘူးဆိုရင်လည်းထွက်မယ်ဆိုရင် ထွက်ပေါ့"ဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။SRT ယာဉ်လိုင်းကို ရန်ကုန်မြို့အတွင်း လမ်းကြောင်းသုံးခုထိ ပြေးဆွဲနိုင်ရန် ရည်မှန်းခဲ့ကြောင်း၊ သို့သော် SRT (၁) ကိုသာ ပြေးဆွဲ နိုင်ခဲ့ကြောင်း၊ ယခုအခါတွင် ယင်းယာဉ်လိုင်းပြေးဆွဲခဲ့သည်မှာ တစ်နှစ် နှင့်ရှစ်လခန့်ကြာမြင့် ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment