5.12.16

ရှမ်းမြောက်တွင် တိုက်ခိုက်နေသော လက်နက်ကိုင်လေးဖွဲ့က အချက်ငါးချက်ပါ ကြေညာချက်ထုတ်

စစ်မှန်ပြီး မျှတသည့် နိုင်ငံရေးဆွေးနွေးမှုအတွက် စစ် ရပ်စဲရန် အဆင်သင့်ဖြစ်ကြောင်းအပါအဝင် အချက်ငါးချက်ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ် မတော်နှင့် တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေသည့် လက်နက်ကိုင်လေးဖွဲ့က ဒီဇင်ဘာ ၄ ရက်၌ ပူးပေါင်းထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာအစိုးရက တစ်နိုင်ငံ လုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကြေညာ ရန်၊ မြန်မာ့တပ်မတော်၏ ထိုးစစ် များရပ်တန့်ပြီး တိုင်းရင်းသားနယ် မြေဒေသများမှ ဆုတ်ခွာရန်၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းစေရန် နိုင်ငံရေးတွေ့ဆုံဆွေး နွေးအဖြေရှာသည့် နည်းလမ်း အ မြန်စတင်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့ပြင် လက်ရှိတိုက်ပွဲဖြစ် ပွားနေသော နေရာများသည် မြန်မာ-တရုတ်နယ်စပ်ဒေသတွင် အများဆုံးဖြစ်ပွားနေ၍ တိုက်ပွဲ များ ချုပ်ငြိမ်းရေးနှင့် နယ်စပ်ဒေ သ တည်ငြိမ်အေးချမ်းရေးအ တွက် တရုတ်နိုင်ငံအနေဖြင့် အ မြန်ဆုံးကြားဝင် စေ့စပ်ညှိနှိုင်းပေး ရန် တောင်းဆိုထားသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အ ဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့(MNDAA)နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ AA တို့မှ တာဝန် ရှိသူများ ဒီဇင်ဘာ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးပြီး ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်သည် ဟု TNLA အထွေထွေအတွင်းရေး မှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောသည်။

‘‘ကျွန်တော်တို့ သဘောထား တွေက အဲဒီကြေညာချက်ထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ အဓိက ကတော့ တိုက်ပွဲတွေက အပြင်း အထန်ဖြစ်နေတယ်။ လူထုတွေ လည်း နစ်နာမှုတွေရှိနေတယ်။ ကျွန်တော်တို့ တွေ့ဆုံညှိနှိုင်းဖို့လို တယ်။ တကယ်လို့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့လိုတယ်၊ တိုက်ပွဲ တွေရပ်စဲဖို့ မြန်မာ့တပ်မတော်က သဘောတူတယ်ဆိုရင် ကျွန်တော် တို့ဘက်က ရပ်စဲဖို့ အဆင်သင့်ပဲ ဆိုတာကို ကျွန်တော်တို့ ပြောပြ ချင်ပါတယ်’’ဟု ဗိုလ်မှူးကြီး တာ့ ဘုန်းကျော်ကပြောသည်။

‘‘ကျွန်တော်တို့ကတော့ အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အား လုံး ပါဝင်နိုင်ဖို့၊ တွေ့ဆုံဆွေးနွေး ပွဲကို အားလုံးပါဝင်နိုင်ဖို့ ကျွန်တော် တို့အဖွဲ့တွေ အကုန်လုံးကတော့ ပြင်ဆင်ထားပါတယ်။ ကျွန်တော် တို့ အကုန်လုံးကလည်း အခု နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေး နွေးချင်တယ်။ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးချင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ပြည်တွင်းစစ်မီးကို အပြီး တိုင်ရပ်စဲရန်မှာ တစ်ပြည်လုံးအ တိုင်းအတာ အပစ်အခတ်ရပ်စဲပြီး စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ် ပြီး ပြည်တွင်းစစ်မီးအပြီးတိုင်ရပ်စဲရန်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment