5.12.16

ရန်ကုန်ကားဈေးကွက်တွင်စလစ်ဈေးနှုန်းကျပ်ငါးသိန်းမှ၁၀ သိန်းနီးပါးထိ မြင့်တက်လာ

၂၀၁၇ ခုနှစ် မော်တော်ယာဉ်တင်သွင်းထုတ်လုပ် နှစ် (Model Year )သတ်မှတ်ချက် ထုတ်ပြန်ပြီး တစ်ရက်အကြာတွင်ရန်ကုန်ကားဈေးကွက်အတွင်းစလစ် ဈေးနှုန်းသည် ကျပ်ငါးသိန်းမှ ၁၀ သိန်း ခန့်မြင့်တက်သွားကြောင်း ရန်ကုန်မြို့ အခြေစိုက်ယာဉ်ရောင်းဝယ်ရေးလုပ် ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်ကားဈေးကွက်အတွင်း နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း စလစ်ဈေးနှုန်းမှာကျပ် ၁၁၀ သိန်း ၀န်းကျင်မှ ဒီဇင်ဘာ ၁ ရက် တွင် စလစ်ဈေးနှုန်းများမှာ ကျပ် ၁၁၆ သိန်းမှ သိန်း ၁၂၀ ၀န်းကျင်ခန့် အထိ မြင့်တက်လာကြောင်း သိရ သည်။

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှဦးငွေဇံက ""ကားစလစ်ဈေးကတော့တော်တော်လေးကိုတက်နေပြီ။ မနေ့ ကထက်စာရင် ငါးသိန်းတောင်တက် သွားတယ်။ သြိနူ ပနမေ ထွက်တဲ့ မနေ့ကစပြီး စလစ်ဈေးသာမက ကားဈေးတွေပါ တက်နေတာပေါ့။တချို့ဆိုရင်ကျပ် ၁၀ သိန်းလောက် တက်ပြီး ကျပ်သိန်း ၁၂၀ နီးပါးလောက် ဖြစ်နေပြီ။ တစ်ဖက်မှာလည်း လေလံ ဈေးတွေ
ကတက်နေပြီဆိုတော့ ဈေးကိုကြိုပြီးခေါ်ထားတဲ့သဘောပေါ့။

နံပါတ်ထွက်ပြီးသားကားတွေကလည်း ငါးသိန်း၊ ၁၀ သိန်းလောက်တက်သွား သလို၊ ရန်ကုန်ကားတွေလည်း ၁၀ သိန်း၊ ၁၅ သိန်းလောက်တက်သွား
တယ်""ဟုဒီဇင်ဘာ ၁ ရက်က ဒီမို ကရေစီတူဒေးသို့ ပြောသည်။
ယင်းကဲ့သို့စလစ်ဈေးနှုန်းများ မြင့်တက်သွားခြင်းကြောင့် ရန်ကုန် ကားဈေးကွက်အတွင်း အရောင်းအ ၀ယ်လုပ်သူများ အခက်အခဲများဖြစ်
ပေါ်နေကြောင်း ၎င်းင်းတို့ကဆိုသည်။

သီရိမင်္ဂလာကားရောင်းဝယ် ရေးစခန်းမှ ဦးဇော်သန့်က ""ကားစလစ် ဈေးက ၁၁၆ သိန်းဖြစ်သွားတဲ့အတွက် တော်တော်လေးကို တက်သွားတာ ပေါ့။ လက်ရှိအနေအထားက မနေ့က ထက်စာရင် ငါးသိန်းလောက်တက် သွားတာပေါ့။ ယာဉ်အိုဟောင်းစလစ် ကပ်ကားတွေက ၂၀၁၁ မှ ၂၀၁၄ ဆို တော့ကားဈေးတွေတက်ပြီပေါ့။ ကား ၀ယ်စီးမယ့်သူတွေကဈေးကြီးမှု
နဲ့ကြုံ တွေ့ရပြီ။ ကားနဲ့မပတ်သက်တဲ့သူ တွေက အခက်အခဲမရှိနိုင်ပါဘူး""ဟု ဒီဇင်ဘာ ၁ ရက်က ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

၂၀၁၇ ခုနှစ်အတွက် ပြည်ပက နေတင်သွင်းရမယ့် မော်တော်ယာဉ် မူဝါဒသတ်မှတ်ချက်ကို မော်တော် ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်
သောလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ဦးငွေဇံက ""အခုယာဉ်အရောင်း အ၀ယ်ကတော့ ငြိမ်သက်သွားတာ ပေါ့။ ကားဈေးတက်ပြီဆိုရင် ထုံးစံ အတိုင်းစုံစမ်းတဲ့အဆင့်ပဲရှိတော့မယ်။

လာတဲ့သူတွေလည်း ဈေးစုံစမ်းတဲ့အဆင့်လောက်နဲ့ပြန်သွားတယ်။ မနေ့ ကမှ စထွက်တာဆိုတော့ ရှေ့လျှောက် ဈေးနှုန်းအခြေအနေကငြိမ်မလား၊
မငြိမ်ဘူးလားဆိုတာ မပြောတတ် ဘူး။ လက်ရှိအတိုင်းဆို နည်းနည်း လေးတည်ငြိမ်မှ အရောင်းအ၀ယ် ပြန် ဖြစ်ပါလိမ့်မယ်"" ဟု ၎င်းင်းကဆက် လက်ပြောသည်။


Credit To >>> Democracy Today

0 comments:

Post a Comment