5.12.16

နယ်စပ်မြို့များအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ တယ်လီနောကွန်ရက်ဖြန့်ကြက် မြန်မာနိုင်ငံ၏ လူဦးရေ ၉ဝ ရာခိုင်နှုန်းအထိ ဝန်ဆောင်မှုပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမည်


တယ်လီနောမြန်မာလီမိတက်(တယ်လီနော)အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းသာမက ဝေးလံခေါင်သီသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများပါမကျန် ဆက်သွယ်ရေးကွန်ရက်ဖြန့်ကြက်လျက်ရှိရာ ယခုအခါ တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသနှင့် ထိုင်း နိုင်ငံနယ်စပ်ဖြစ်သော တာချီလိတ်မြို့တို့တွင် ဆက်သွယ်ရေးကွန်ရက်တိုးချဲ့ ဖြန့်ကြက် လိုက်ပြီဖြစ်ကြောင်း သိရသည်။
တယ်လီနောအနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဆင်းကတ်လက်လီအရောင်း ဆိုင်ပေါင်း ၈ဝဝ ကျော် ဖွင့်လှစ်ပေးထားပြီး တာချီလိတ်တွင် တယ်လီနောအရောင်းပြခန်း တစ်ခုကို ဖွင့်လှစ်ကာ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ဖြန့်ကြက်ဝန်ဆောင်မှုပေးလျက်ရှိသည်။
''အခုလိုကွန်ရက် တိုးချဲ့ဖြန့်ကြက်တာဟာ မြန်မာနိုင်ငံအတွင်းက နိုင်ငံသားအားလုံး ဘယ်နေရာ၊ ဘယ်ဒေသမှာ နေထိုင်သည်ဖြစ်စေ ဝန်ဆောင်မှုရရှိစေရမယ်ဆိုတဲ့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဖြည့်ဆည်းပေးခြင်းပဲ ဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူတွေရဲ့ ၃ဝ ရာခိုင်နှုန်းကျော်က တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်ဒေသတွေဖြစ်ပြီး တယ်လီနောသုံးစွဲ သူအားလုံးကို အရည်အသွေးကောင်းမွန်တဲ့ အင်တာနက်သုံးစွဲမှု အတွေ့အကြုံတွေကို ပေးအပ်ဖို့ကိုလည်း ဦးစားပေးဆောင်ရွက်နေပါတယ်''ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Tellmann က ပြောသည်။
တယ်လီနောသည် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေ ၉ဝ ရာခိုင်နှုန်းအထိ မိုဘိုင်းချိတ်ဆက်မှုကို ပေးအပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် တယ်လီနော၏ ဆက်သွယ်ရေးကွန်ရက်သည် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၈၆ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ထို့ပြင် တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး အင်တာနက်ကွန်ရက်ကို တာဝါတိုင် ၆၉ဝဝ ကျော်ချိတ်ဆက်လျက် လုပ်ငန်းလည်ပတ်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သုံးစွဲသူ ၁၈ သန်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် နှစ်ကုန်ပိုင်းတွင် တာဝါတိုင် ၇ဝဝဝ အထိ တည်ဆောက်သွားရန် မျှော်မှန်းထားပြီး ဝန်ဆောင်မှုအရည်အသွေး မြင့်မားလာစေရန်အတွက် ဆက်သွယ်မှုရရှိပြီး ဒေသများတွင် ကွန်ရက်ချိတ်ဆက်မှုစွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
''အခုလို ဆက်သွယ်ချိတ်ဆက်နိုင်မှုဟာ တိုင်းရင်းသားဒေသတွေအတွက် အဓိကစိန် ခေါ်မှုဖြစ်နေဆဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးကွန်ရက်တိုးချဲ့ဖို့ မြန်မာနိုင်ငံ အနှံ့အပြား ဆက်သွယ်ရေးဝန်ဆောင်မှုပိုင်းဆိုင်ရာ အလျင်အမြန်တိုးတက်လာစေဖို့ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အခြေခံအဆောက်အအုံ မျှဝေမှုပိုင်းဆိုင်ရာမှာ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်''ဟု Tellmann က ပြောသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment