15.12.16

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရန် အသင့်ရှိဟု အမေရိကန်ပြော

Image may contain: 1 person, text
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပင်လယ်ရေကြောင်းနယ်မြေအများအပြားကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည့် တရုတ်နိုင်ငံအား ထိပ်တိုက်ရင်ဆိုင်တွေ့ရန် အသင့်ရှိသည်ဟု အမေရိကန်ပစိဖိတ်ရေတပ်၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီးဟယ်ရီဟဲရစ်က ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။


တရုတ်နိုင်ငံသည် အရင်းအမြစ်ပေါကြွယ်သော တောင်တရုတ်ပင်လယ်၏နယ်မြေအများစုကို ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ကြေညာထားသည်။ တောင်တရုတ်ပင်လယ်သည် နိုင်ငံတကာကုန်သွယ် ရေကြောင်းလမ်းများတွင် အရေးပါလှပြီး နှစ်စဉ်ယင်းရေကြောင်းလမ်းကို အသုံးပြု၍ ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ငါးထရီလီယံဖိုးရှိသည်။ 

တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တရုတ် (တိုင်ပေ)နှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုရှိသည်ဟု အသီးသီးထုတ်ပြန်ကြေညာခဲ့ကြပြီးဖြစ်သည်။

အကယ်၍ တရုတ်နိုင်ငံက တောင်တရုတ် ပင်လယ်ပြင်အတွင်း ရန်လိုသောအမူအယာကို ဆက်လက်ပြသနေမည်ဆိုပါက အမေရိကန် ပြည်ထောင်စုက တုံ့ပြန်ရန်အသင့်ရှိကြောင်း ပစိဖိတ်ဒေသစစ်ဌာနချုပ် တပ်မှူးကြီး ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီက ပြောကြားသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment