15.12.16

ငွေယူသည့် လဝကဝန်ထမ်း ၄၀ ခန့်ကို အရေးယူထားကြောင်း ဝန်ကြီးပြော ဝန်ကြီးကိုပင် ပညာပြန်ပြသည့် ဝန်ထမ်းများရှိဟုဆို

ငွေယူသည့် လဝကဝန်ထမ်း (လူဝင်မှုကြီးကြပ် ရေး ဝန်ထမ်း) ၄၀ ခန့်ကို အရေး ယူထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသိန်းဆွေက ပြော ကြားသည်။

‘‘လဝက ဝန်ထမ်းတချို့ ပိုက်ဆံယူတယ်ဆိုတာ မှန်နိုင်ပါ တယ်။ ဒါကြောင့်လည်း ဝန်ကြီး ဌာနအနေနဲ့ ဒီခုနစ်လအတွင်းမှာ လဝကဝန်ထမ်း အယောက် ၄၀ လောက်ကို အရေးယူဆောင်ရွက် ခဲ့ပြီးပါပြီ’’ဟု ဒီဇင်ဘာ ၁၄ ရက် က ကျင်းပသည့် အမျိုးသားလွှတ် တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောသည်။

တိုင်ကြားမှု၊ လွှတ်တော်က ပြောကြားမှုများနှင့် ဌာနတွင်း စစ် ဆေးမှုများမှတစ်ဆင့် ပေါ်ပေါက် ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

‘‘တချို့ကို သတိပေးတယ်။ တချို့ကို ပြောင်းရွှေ့တယ်။ တချို့ထုတ်ပစ်တယ်။ တချို့ကတော့ ထောင်ချတယ်’’ဟု ဝန်ကြီးက အရေးယူပုံ အဆင့်ဆင့်ကို ပြော သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အရေးယူထားခြင်းဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ကိုမူ ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။

ဝန်ထမ်းထဲတွင် အားနည်း သည့်ဝန်ထမ်းများ၊ လာဘ်ပေး လာဘ်ယူသည့် ဝန်ထမ်းများနှင့် ပညာပြသည့် ဝန်ထမ်းများရှိနိုင် ကြောင်း ဝန်ကြီးက ဝန်ခံသည်။

‘‘ရှိလည်း ရှိနေတယ်လို့ ဝန် ကြီးအနေနဲ့ ယုံတယ်။ တို့ကိုလည်းပဲ ပညာပေးတယ်’’ဟု ဝန်ကြီးက ပြောသည်။

ဝန်ထမ်းများအား ချီးမြှင့် ခြင်း၊ ရာထူးတိုးခြင်းများကိုလည်း ဥပဒေနှင့်အညီ မျှမျှတတဆောင် ရွက်နေကြောင်း ဝန်ကြီးက ပြောကြားသည်။

‘‘သို့သော် ဒီထဲမှာမှ အရင် က Mind Set တွေ မပြောင်းလဲ ချင်ဘူး’’ဟု ဝန်ကြီးက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် အားနည်းချက်များကို ဥပဒေနှင့် အညီ၊ ဝန်ထမ်းစည်းမျဉ်းစည်း ကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဝန် ကြီးက ပြောကြားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment