15.12.16

ဆောင်းကာလဖြစ်သည့်အတွက် တိမ်းရှောင်စခန်းများ၌ အနွေးထည်နှင့် စောင်များလိုအပ်နေ

Image may contain: one or more people and people standing
ကချင် ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ တိမ်းရှောင် စခန်းများတွင် ဆောင်း ကာလ၀င်ရောက်လာပြီဖြစ်သည့် အတွက် အနွေးထည်နှင့်စောင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီမှာက ဆောင်းတွင်းဆိုတော့ အနွေးထည် တွေ၊ စောင်တွေ နည်းနည်းနွေးတဲ့ ဟာမျိုး လိုအပ်တာပေါ့နော်။ ကမ္ဘောဇ အလင်းတန်းက အနွေးထည်လာ လှူကြပါတယ်။ ဒါပေမဲ့ အိမ်ထောင် စုအလိုက် လာလှူ သွားတာ ဆိုတော့ လူတိုင်းမရပါဘူး " ဟု တိမ်းရှောင် စခန်းတာဝန်ခံ ဦးနော်မိုင် က ဒီမိုက ရေစီတူဒေးသို့ ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းကပြော သည်။

မန်စီမြို့နယ် မိုင်းခေါင်ကျေး ရွာ တိမ်းရှောင်စခန်း၌ ခိုလှုံနေသူ ပြည်သူ ၁၇၀၀ ခန့်ရှိပြီး အသက် ၁၀ နှစ်အောက် ကလေးသူငယ် ၇၀၀ ခန့် ရှိနေသည်။

"အခုအချိန်မှာ အဓိကလိုအပ် တာက အနွေးထည်တို့၊ ဘောင်းဘီ တို့၊ ဖြစ်နိုင် လို့ ရှိရင် ခြေအိတ်တို့၊ တချို့ ကျတော့ အသက်ကြီးတဲ့ သူ၊ ကလေး တွေ အတွက် အနွေးဖိနပ် စွပ်ဖိနပ် တွေပေါ့။ ၂၀၁၁ ခုနှစ်လောက် က ကျော်သူ ပရဟိတအဖွဲ့က အနွေး ထည်မျိုး စုံတစ်ပတ် ရစ်ပေါ့။ လာလှူ သွားသေး တယ်။ စောင်ပေးတဲ့အဖွဲ့ အစည်းမရှိသေးဘူး " ဟု ရောဘတ် တိမ်းရှောင် စခန်းတာဝန်ခံ ဦးတန် ဂွန်းက ပြောသည်။

ဗန်းမော်မြို့နယ်အတွင်း တိမ်း ရှောင်စခန်းကိုးခု၌ ခိုလှုံနေရသူပြည် သူ ၇၀၂၁ ဦးရှိပြီး အိမ်ထောင်စု ၁၂၄၃ စုရှိကြောင်း၊ အသက် ၁၂ နှစ် အထက်လူဦးရေ ၄၈၄၅ ဦးရှိကာ အသက် ၁၂ နှစ်အောက် ကလေး သူငယ်မှာ ၂၁၇၆ ဦးရှိသည်။

လက်ရှိကာလတွင် တိမ်းရှောင် စခန်းများသို့ အနွေးထည်နှင့်အအေး ဒဏ်ခံပစ္စည်းများ လှူဒါန်းသည့်အ ဖွဲ့အစည်းများမရှိသေး သည့်အတွက် အသက်ကြီးရင့်သူများနှင့်အရွယ် မရောက်သေးသူများအတွက် အခက် အခဲကြုံတွေ့နေရပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။


Credit To >>> Democracy Today

0 comments:

Post a Comment