14.12.16

ဧရာဝဏ်နဲ့ရတနာအိမ်ရာစီမံကိန်းကို PPP စနစ်ဖြင့် ဆက် လက်လုပ်ဆောင်

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန အကောင်အထည်ဖော်နေတဲ့ အထပ်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်တဲ့ ဧရာဝဏ်နဲ့ရတနာအိမ် ရာစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


အခုအစိုးရလက်ထက်မှာ ယင်းစီမံကိန်းကို PPP ( Public Private Partnership)စနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့အကျိုးတူးပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး စီမံကိန်းရပ်ဆိုင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူးလို့လည်း အဆိုပါဦးစီးဌာန ဒု-ညွှန်ကြားရေးမှုး ဒေါ်စန်းစန်းအေးကပြောဆိုပါတယ်။PPP စနစ်ဖြင့်ဆက်ပြီးအကောင်အထည်ဖော်ဖို့ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အသေးစိတ်ဆက်လက်ညှိုနှိုင်းနေဆဲသာဖြစ်ပြီး အချို့ သောလုပ်ငန်းတွေကလည်း စီမံကိန်းမှာပူးပေါင်းလုပ်ဆောင်ဖို့ လာရောက်တင်ပြမှုတွေရှိနေပါတယ်လို့လည်း စီမံကိန်းတာဝန်ရှိသူ တွေကပြောဆိုပါတယ်။

PPP စနစ်ဖြင့်တာမို့ ခံစားခွင့်အချိုးတွေနဲ့ တည်ဆောက်မှုပုံစံတွေကအစ ဆက်ပြီးဆွေးနွေးနေတာလို့ လည်းသိရပါတယ်။စီမံကိန်း Master Plan အရ ၂၄ ခန်းတွဲ ၁၈ ထပ်ပါတဲ့အဆောက် အဦးတွေဖြစ်ပြီး အဲလိုအဆောက်အဦးပေါင်း ၄၉ လုံးတည်ဆောက်နေပြီး တိုက်တစ်လုံးကို အခန်းပေါင်း ၄၀၀ ကျော်နဲ့ တိုက်ခန်းပေါင်း ၂၀၀၀၀ လောက်ရှိတဲ့ စီမံကိန်းဖြစ်ပါတယ်။ လူဦးရေး ၈ သောင်းကနေ တစ်သိန်းကြားနေထိုင်နိုင်တဲ့ မြို့ကြီးတစ်မြို့စာဖြစ်ပြီး အဆောက်အဦး ၁၅ လုံးစတင်တည်ဆောက်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကစတင်ခဲ့တဲ့ ယင်းစီမံကိန်းအတွင်းက တိုက်တွေအားလုံးရဲ့ ပိုင်ရိုက်ဖောင်ဒေရှင်းလုပ်ငန်းလုံးဝပြီးပြတ်သွားပြီးတိုက် ၆ လုံးမှာတော့ အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ယင်းထဲကအဆောက်အဦး ၃ လုံး တစ်ရာရာခိုင်နှုန်းပြီးစီးပြီးဖြစ် တာကြောင့် ရောင်းချလို့ရတဲ့အဆင့်မှာရှိပါတယ်။အထပ်မြင့်စီမံကိန်းတွေဖြစ်တာကြောင့် ဓတ်လှေကားထည့်သွင်းတည်ဆောက် ထားပြီး ရောင်းဈေးအနေနဲ့တိုက်ခန်းတစ်ယူနစ်ကို ကျပ်သိန်း ၆၀၀ မှ ၁၀၀၀ ၀န်းကျင်အထိရှိနိုင်တယ်လို့ အဆိုပါဦးစီဌာနထံကသိ ရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment