14.12.16

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား ဒေသခံများ ဘေးလွတ်ရာထွက်ပြေး

နမ္မတူမြို့နယ် ကျေးရွာ အချို့တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေ သတွင်း လူမှုရေးအဖွဲ့များက ပြောသည်။
ဒီဇင်ဘာ ၁၂ ရက် နံနက် ၆ နာရီခန့်က စတင်ကာ နမ္မတူမြို့နယ် ပန်လော့ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခန့်၌ နားဆိုင်းနှင့် ပန်ချဉ်ကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားခြင်း ဖြစ် ကြောင်း စစ်ရှောင်များအား ကူညီပေးနေသော လားရှိုးမြို့ခံလူမှုရေး အဖွဲ့များထံမှ သတင်းရရှိသည်။

‘‘နမ္မတူဘက်မှာ တပ်မတော် နဲ့ TNLA တိုက်ပွဲစဖြစ်လာလို့ ဒေ သခံတွေပြေးလာနေတယ်။ မနက် က လားရှိုးကို ၈၀ ကျော်ရောက် လာတယ်။ ညပိုင်းလည်း ထပ်ဝင် လာမယ်ကြားတယ်’’ဟု ဒေသခံ ဦးတင်မောင်သိန်းက ပြောသည်။

တိုက်ပွဲဖြစ်ရာနေရာအနီးရှိ ဒေသခံကျေးရွာသားများသည် နမ္မ တူမြို့ပေါ်နှင့်ကျောက်မဲ၊ လားရှိုး မြို့သို့ ထွက်ပြေးလာကြောင်း သ တင်းရရှိသည်။

နမ္မတူမြို့နယ်အတွင်း KIA၊ TNLA၊ MNDAA နှင့် AA လက် နက်ကိုင်ပူးပေါင်းအဖွဲ့များ ဒီဇင် ဘာ ၈ ရက်တွင် ရောက်ရှိလာ ခဲ့ခြင်းဖြစ်ပြီး တပ်မတော်နှင့်လက် နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွား မည်ကို စိုးရိမ်သော ဒေသခံ ၃၀၀ ကျော်က လားရှိုးနှင့်ကျောက်မဲမြို့ တွင် လာရောက်ခိုလှုံနေကြသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment