14.12.16

မြန်မာရာဇဝင်မျိုးနွယ်စုများတွင် ရိုဟင်ဂျာအသုံးအနှုန်းမရှိခဲ့ကြောင်း အထောက်အထားများဖြင့် ထုတ်ဝေဖြန့်ချိမည်

 ရှေးဟောင်းမြန်မာရာဇ ဝင်၊ တိုင်းရင်းသားလူမျိုးနှင့် မျိုး နွယ်စုများတွင် ရိုဟင်ဂျာအသုံးအ နှုန်းမရှိခဲ့ကြောင်း သမိုင်းဖြစ်ရပ် မှန်များကို ပြည်တွင်း၊ ပြည်ပက သိရှိစေရန် အထောက်အထားအကိုး အကားပြည့်စုံစွာဖြင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်တို့ထံ တင်ပြအတည်ပြု ချက်ရယူ၍ ထုတ်ဝေဖြန့်ချိမည် ဖြစ်ကြောင်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 ကိုလိုနီခေတ်နှင့် တိုင်းရင်း သားမျိုးနွယ်စု ၁၃၅ မျိုးတွင် ရို ဟင်ဂျာဆိုသည့် စကားလုံးနှင့် အ သုံးအနှုန်းများ ရေးသားဖော်ပြမှု မရှိဟု တွေ့ရှိရကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ဒီဇင်ဘာ ၁၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ပါလီမန်ဒီမိုက ရေစီခေတ်တွင် မောင်တောနှင့် ဘူးသီးတောင်လွှတ်တော်အမတ် ဘင်္ဂါလီလူမျိုး အဗ္ဗဒူဂဖားက လုပ် ကြံဖန်တီးထားကာ ရိုဟင်ဂျာအသုံးအနှုန်းကို ထည့်သွင်းဖော်ပြ ထားသည့် အစီရင်ခံစာကို ပြည်ထဲရေးဝန်ကြီးနှင့် အတွင်းဝန်ထံပေးပို့ခဲ့ရာမှ စတင်ပေါ်ပေါက်ခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။
  လတ်တလောဖြစ်ပွားနေ သည့် ရခိုင်အရေးနှင့်ပတ်သက်၍ လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ‘‘ရိုဟင်ဂျာဆိုသည်မှာ လုံးဝမရှိဟု ရှင်းလင်းထားပြီး ဘင်္ဂလားဒေ့ရှ်  ဝန်ကြီးချုပ်က လည်း မြန်မာနယ်ခြားစောင့်ရဲတပ် ဖွဲ့ဝင်များကို အကြမ်းဖက်တိုက် ခိုက်ခဲ့မှုကြောင့် ပြဿနာစတင် ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီလူမျိုး အ ကြမ်းဖက်သမားများကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ခိုလှုံခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားထား ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
မြန်မာနိုင်ငံတွင် ရှေးယခင် ကပင် ရိုဟင်ဂျာလူမျိုး လုံးဝမရှိ သော်လည်း ပြည်တွင်း၊ ပြည်ပ မလိုလားသူများက မြန်မာနိုင်ငံ၏ နိုင်ငံရေးပုံရိပ်၊ ဂုဏ်သိက္ခာကျ ဆင်းစေရန်နှင့် မတည်မငြိမ်ဖြစ် စေရန် ရည်ရွယ်၍ ဝင်ရောက်စွက် ဖက်ကာ လုပ်ကြံဖန်တီးပြောဆို ရေးသားထုတ်လွှင့်ဖြန့်ချိနေသည် မှာ ကာလအတန်ကြာပြီဟုထုတ်ပြန်ချက်က ဆိုသည်။
  အဆိုပါ သမိုင်းဖြစ်ရပ်မှန်များကို ပြည်တွင်း၊ ပြည်ပမှ လေ့လာသိရှိနိုင်ရန် နိုင်ငံတော်အကြီးအကဲများ၏ အတည်ပြုခွင့်ပြုချက်နှင့်အညီ ထုတ်ဝေဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။
Credit To >>>7 Day Daily



0 comments:

Post a Comment