14.12.16

4G ကွန်ရက်အတွက် လိုအပ်သည့် လှိုင်းနှုန်း 1800 Spectrum မတ်လကုန် လုပ်ကိုင်ခွင့်ချပေးမည်


4G ကွန်ရက်ကို ဝန် ဆောင်မှုပေးအပ်ရန် အော်ပရေ တာများအတွက် မဖြစ်မနေလို အပ်နေသည့် 1800 Spectrum ကို မတ်လကုန်၌ ချထားပေးနိုင် မည်ဟု ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိသည်။

‘‘1800 Spectrum ကို မတ်လကုန်မှာ ချထားပေးနိုင်မယ် လို့ မျှော်မှန်းထားပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှ ဒေါ်စိမ့်စိမ့်အေးက ပြော သည်။

1800 Spectrum ချထား ပေးနိုင်ရန် ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနသည် ကမ္ဘာ့ဘဏ်ချေးငွေကို အသုံးပြု၍ အကြံပေး ပုဂ္ဂိုလ် ငှားရမ်းထားသည်။


ပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများနှင့် ဆက်သွယ် ညွှန်ကြားမှုဦးစီးဌာနက ငှားရမ်း ထားသော အကြံပေးပုဂ္ဂိုလ်တို့ သည် ဒီဇင်ဘာ ပထမပတ်အတွင်း နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး အော်ပရေတာများ၏ Spectrum လို အပ်ချက်နှင့် Spectrum ဝယ်ယူ လိုသည့် ပုံစံအမျိုးမျိုးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

‘‘ဘယ်လိုပုံစံမျိုးနဲ့ ရောင်းချ မယ်ဆိုတာတော့ မသိသေးဘူး။ ဈေးနှုန်းလည်းမများအောင်၊ ဈေး နှုန်းလည်း မနည်းအောင်တော့ လုပ်သွားမှာပါ။ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာအ နေနဲ့လည်း သူတို့ယူချင်တယ်ဆို ရင် ပေးမှာပါ’’ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာများအနေဖြင့် 4G ကွန်ရက် ကို အပြိုင်အဆိုင် မိတ်ဆက်ပြီး ဖြစ်သော်လည်း 1800 Spectrum မရရှိသေး၍ 4G ကွန်ရက်၏ အ မြန်နှုန်းသည် 3G ကွန်ရက်၏ အ မြန်နှုန်းထက် နိမ့်ကျနေရသည်ဟု ဆက်သွယ်ရေး အော်ပရေတာ များက ထုတ်ဖော်ပြောကြားထား သည်။

1800 Spectrum သည် Digital Device မျိုးစုံနှင့် ချိတ် ဆက်ရာတွင် အဆင်အပြေဆုံး Spectrum ဖြစ်ပြီး 4G ဝန်ဆောင် မှုပေးအပ်ရန် အလွန်အရေးပါ သော လှိုင်းနှုန်းစဉ်လည်းဖြစ် သည်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် Broadband ဝန် ဆောင်မှုပေးအပ်ရန် အသုံးပြု သော 2600 Spectrum ကို လေ လံစနစ်ဖြင့် ရောင်းချခဲ့သော် လည်း 1800 Spectrum ကို အစိုးရ၊ ပြည်သူနှင့် အော်ပရေတာများအကြား အပြန်အလှန်အကျိုး ရှိစေမည့် ပုံစံဖြင့် ရောင်းချမည်ဟု သတင်းရရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment