28.12.16

ဂျပန်ရဲ့ အသက်အာမခံလုပ်ငန်းကုမ္ပဏီ Taiyo Life ပြည်တွင်း ကုမ္ပဏီနဲ့ပူးပေါင်းက အာမခံဆော့ဖ်ဝဲ ကုမ္ပဏီတည်ထောင်ဖို့စီစဉ်

Image may contain: 2 people, people smiling, text
ဂျပန်ရဲ့ အာမခံလုပ်ငန်းကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Taiyo Life ဟာဆိုရင်ယခုအခါ မြန်မာနိုင်ငံက ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်ပူးပေါင်းပြီးတော့ အာမခံဆော့ဝဲကုမ္ပဏီတစ်ခုကို လာမယ့်ဖေဖော်ဝါရီလမတိုင်ခင် ပူးတွဲတည်ထောင်သွားတော့မှာဖြစ်တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။


အဆိုပါ ပူးတွဲဖက်စပ်လုပ်ငန်းကို ရင်းနှီးငွေ အကြမ်းဖျင်းအားဖြင့် ကျပ်ဘီလီယံပေါင်း ၁ ဒသမ ၂ ဘီလီယံ (ဒေါ်လာ ၈၇၅,၈၈၀) နဲ့ ကနဦးစတင်လုပ်ကိုင်သွားမှာဖြစ်ပြီးတော့ မြန်မာရဲ့ Ace Group of Companies က အစုရှယ်ယာ ၅၁ရာခိုင်နှုန်း နဲ့ T&D Holdings ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ Taiyo Life က ၄၉ ရာခိုင်နှုန်းနဲ့ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။


အလားတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ အတည်ပြုချက်ရပြီးရင်တော့ လုပ်ငန်းတွေကို စတင်လည်ပတ်လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းကလည်းဈေးကွက်ထဲမှာလုပ်ကိုင်နေခဲ့တာဖြစ်ပြီးတော့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအတွက် ဖွင့်လှစ်ပေးခဲ့ပြီးနောက်ပိုင်းမှာတော့ နိုင်ငံမှာ ကုမ္ပဏီပေါင်း ၁၀ ခုကျော်လောက်မော်တော်ကားနဲ့ အသက်အာမခံပေါ်လစီတွေကို စတင်ရောင်းချပေးနေခဲ့ပြီဖြစ်ပါတယ်။


ယခု Taiyo နဲ့ Acce တို့ရဲ့ ဖက်စပ်လုပ်ငန်း အနေနဲ့ကတော့ နည်းစနစ်သစ်တွေနဲ့အတူ အာမခံကုမ္ပဏီတွေနဲ့ ၀ယ်သူတွေအတွက်အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။နိုင်ငံအနေနဲ့ကလည်း လက်တလောအထိ အသက်အာမခံဈေးကွက်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံငွေတွေကို ခွင့်ပြုပေးထားခြင်းမရှိသေးပေမယ့်လည်း မကြာခင်မှာ ယင်းမူဝါဒတွေကို ဖြေလျော့ပေးသွားတော့မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၁၂ ခုနှစ်ကတော့ Taiyo ဟာ နိုင်ငံမှာကိုယ်စားလှယ်ရုံးဖွင့်လှစ်နိုင်ခဲ့တဲ့ ပထမဆုံးသော ဂျပန်အာမခံကုမ္ပဏီလည်း ဖြစ်ခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment