27.12.16

၂၀၁၇ မှာ ဒေါ်လာငွေကြေးကြောင့်ယူရိုနဲ့ ယန်းငွေကြေးတို့ ကြီးကြီးမားမားထိခိုက်နိုင်

No automatic alt text available.
၂၀၁၇ ခုနှစ်အရောက်မှာတော့ အမေရိကန်ဒေါ်လာငွေကြေးဟာယူရိုငွေကြေးနဲ့ ယန်းငွေတို့နဲ့ယှဉ်ရင် ငွေလဲလှယ်မှုနှုန်းပိုင်းမှာအခြားနိုင်ငံသုံးငွေကြေးထက်ကို ပိုပြီးတော့ မြင့်တက်သွားနိုင်ဖွယ်ရှိတယ်ဆိုပြီး လန်ဒန်အခြေစိုက် အကြံပေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Capital Economics က ပြောကြားလိုက်ပါတယ်။

ဒီလို ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ပြောရရင် ဗဟိုဘဏ်တွေရဲ့ ငွေကြေးမူဝါဒတွေကြောင့် ယူရိုငွေနဲ့ ယန်းငွေတို့ဟာ အခြားငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် ငွေတန်ဖိုးလျော့ကျနိုင်ခြေအများဆုံးဖြစ်နေတာကြောင့် ဖြစ်တယ်လို့လည်း ယင်းအကြံပေးအဖွဲ့က John Higgins က ရေးသားသုံးသပ်သွားပါတယ်။

ဥရောပဗဟိုဘဏ် ECB နဲ့ ဂျပန်ဗဟိုဘဏ် BOJ တို့ဟာ ဆိုရင် ယင်းတို့ရဲ့ စီးပွားရေးပိုင်းကို တိုးတက်မှုအားကောင်းအောင်လှုံ့ဆော်ဖို့ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုဆိုင်ရာ မူဝါဒကိုချမှတ်လုပ်ဆောင်နေပေမယ့်လည်း တစ်ဘက်မှာတော့ ယင်းတို့ရဲ့ ငွေတန်ဖိုးပိုင်းကိုအားနည်းသွားစေတဲ့အကျိုးဆက်ကိုပါ တစ်ဆက်တည်းခံစားရဖို့ရှိနေတယ်လို့ သိရပါတယ်။

တစ်ဘက်မှာလည်း အမေရိကန်ဗဟိုဘဏ်ကဆိုရင် ယင်းရဲ့ငွေစက္ကူရိုက်နှိပ်မှုကို ရပ်ဆိုင်းထားပြီးတော့ အတိုးနှုန်းကို စတင်မြင့်တက်လိုက်တဲ့အချိန်မှာပဲ ယင်းနိုင်ငံသုံးငွေကြေးတန်ဖိုးကိုပိုမိုအားကောင်းလာစေခဲ့ပြီဖြစ်ပါတယ်။

ယခုလို ဘဏ်အတိုးနှုန်းတိုးမြင့်လိုက်ခြင်းကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဆီက ရင်းနှီးမြှုပ်နှံငွေတွေ ပိုမိုဖိတ်ခေါ်လာနိုင်မယ့်သဘောလဲ ဆောင်နေပါတယ်။

လောလောဆယ်မှာလည်း အမေရိကန်ဗဟိုဘဏ် ငွေကြေးမူဝါဒကော်မတီအဖွဲ့ဝင်တွေကလည်း လာမယ့်နှစ်အတွင်း အတိုးနှုန်းကို ၀ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ သုံးကြိမ်ထိတိုးမြင့်ဖို့မျှော်လင့်နေလျက်ရှိနေပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment