27.12.16

နေပြည်တော်တွင် တည်ဆောက်မည့် ကျပ်သိန်းတစ်ရာတန် တိုက်ခန်းများ အငြိမ်းစားဝန်ထမ်းများကို ဦးစားပေးရောင်းချမည်

 နေပြည်တော် ဒက္ခိဏသီရိမြို့ပတ်လမ်းအနီးတွင် ကျပ်သိန်းတစ်ရာတန် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည်ဖြစ် ပြီး အိမ်မရှိသည့် အငြိမ်းစားဝန် ထမ်းများကို ဦးစားပေးရောင်းချ မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဌာနမှ သတင်းရရှိသည်။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ကို ဒက္ခိဏသီရိမြို့ပတ်လမ်း ရန် အောင်မြေကြိုးဝိုင်းရှိ မြေဧကတစ် ရာတွင် အခန်း ၂,၁၄၄ ခန်းဆောက် လုပ်မည်ဟု ယင်းဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။
တန်ဖိုးနည်း အိမ်ရာများ ၀ယ် ယူနိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ် စာအုပ်ပြုလုပ်၍ ၃၀ ရာခိုင်နှုန်းကို ပုံမှန်ထည့်စုကာ ယင်းပမာဏ  ပြည့်မီပါက ဘဏ်အနေဖြင့် ၇၀ ရာခိုင်နှုန်းကို ချေးကာစိုက်ထုတ် ပေးသွားမည်ဟု     ဦးဝင်းနိုင်က ပြောသည်။
‘‘၇၀ ရာခိုင်နှုန်း ချေးငွေပေး ပြီးရင် အိမ်ပိုင်ဆိုင်ခွင့် ယူထားမယ်။ အဲဒါကိုတဖြည်းဖြည်း အရစ်ကျ သွင်း၊ ၁၅ နှစ်အတွင်း အပြီးသွင်း ရမယ်’’ဟု ၎င်းကပြောသည်။
‘‘အိမ်ရာဒီဇိုင်းကတော့ ဆွဲ ပြီးပြီ။ ဆောက်ဖို့က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ထဲမှာ စမယ်။ အငြိမ်း စားဝန်ထမ်းတွေကို ဦးစားပေးမယ်။ ကုမ္ပဏီဝန်ထမ်းတွေ၊ ပြည်သူတွေ ကို ရည်ရွယ်ထားတယ်။ တောင် သူတွေလည်း ပါတာပေါ့’’ဟု ၎င်း က ပြောသည်။
မြေဧကတစ်ရာတွင် အိမ်ရာ အဆောက်အအုံအတွက် ၃၁ ဧက သတ်မှတ်ထားပြီး အခြားမြေနေရာများ၌ အုပ်ချုပ်ရေးရုံး၊ ပန်းခြံ၊ ကျောင်း၊ ဈေး၊ ထရန်စဖော်မာ၊ မော်တာတို့ပါဝင်မည်ဟု ဦးဝင်းနိုင်ကပြောသည်။ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည့်အချိန်ကာလကို ၂ နှစ်သတ်မှတ်ထားပြီး Rc ဖြင့် နှစ်ပေါင်း ၅၀ မှ ၇၀ အတွင်း နေ ထိုင်နိုင်မည့် တိုက်ခန်းများဖြစ် သည်ဟု ၎င်းကပြောသည်။
တန်ဖိုးနည်းအိမ်ရာများကို အစိုးရအငြိမ်းစားများ အပါအ၀င် နေစရာမရှိသူများအတွက် အမှတ် တကယ် စိစစ်ရွေးချယ်ဦးစားပေး ကာ ဆောင်ရွက်စေလိုသည်ဟု ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားဝန် ထမ်းတစ်ဦးက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment