27.12.16

ရခိုင်အကြမ်းဖက်မှုသည် ပြည်ပနှင့် ဆက်စပ်နေသဖြင့် ပိုမိုရှုပ်ထွေးကြောင်း ဒုသမ္မတဦးမြင့်ဆွေ ပြော

 မောင်တောဒေသအ ကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် သည် ယခင်ဖြစ်ပွားသည့်ပဋိပက္ခများနှင့်မတူဘဲ ပြည်ပနှင့်ဆက်စပ်နေ၍ ပိုမိုသိမ်မွေ့ရှုပ်ထွေးနေကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌဒုတိယသမ္မတဦးမြင့် ဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ်စုံစမ်းစစ် ဆေးရေးကော်မရှင်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒုတိယ သမ္မတဦးမြင့်ဆွေက မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်သည် ယခင်ဖြစ်စဉ်များနှင့် မတူကွဲပြားနေကြောင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မောင်တောဖြစ်စဉ်သည် ၂၀၁၂ နောက်ပိုင်းအကြမ်းဖက်အဖွဲ့အစည်းများက စနစ်တကျဖွဲ့စည်းပြင်ဆင်၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးသည့်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း၊ ပြည်ပနှင့်လည်းဆက်စပ်နေသည့် ကွင်းဆက်များပေါ်ပေါက်နေသဖြင့် ပိုမိုသိမ်မွေ့ရှုပ်ထွေးနေသည်မှာ အမှန်ဖြစ်ကြောင်း ဦိးမြင့်ဆွေကပြောသည်။
မောင်တောဒေသတွင်ဖြစ် ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဒုတိယ သမ္မတဦးမြင့်ဆွေဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ကော်မရှင်ကို ဒီဇင်ဘာ ၁၇ရက်က ဖွဲ့စည်းခြင်း ဖြစ်သည်။ ကော်မရှင်သည် စုံစမ်း စစ်ဆေးရေးအစီရင်ခံစာကို ဇန်န ၀ါရီ ၃၁ရက်အပြီး နိုင်ငံတော်သမ္မတထံတင်ပြရမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးကော်မ ရှင်သည် ဒီဇင်ဘာ ၁၁မှ ၁၂ရက် အထိ မောင်တောဒေသသို့ ပထမအကြိမ်သွားရောက်၍ ကွင်း ဆင်း လေ့လာခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment