27.12.16

မော်လမြိုင်ရှိ လုပ်ငန်း ၉၀ ကျော်ကို ဈေးပြိုင်စနစ်ဖြင့် လေလံပေးမည်

မွန်ပြည်နယ်မော်လ မြိုင်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွက် အခပေးသန့်စင်ခန်းကြေး ကောက်၊ ဈေးကောက်လုပ်ငန်း၊ အပေါင်ဆိုင်၊ သားသတ် စသော လုပ်ငန်းပေါင်း ၉၃ မျိုးကို ဒီဇင်ဘာ ၂၈ ရက်တွင် ဈေးပြိုင်စနစ်ဖြင့် လေလံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အရင်အစိုးရလက်ထက်က ဈေးကောက်လုပ်ငန်းကို စည်ပင် သာယာရေး အဖွဲ့က တိုက်ရိုက် ကောက်ယူတယ်။ ဒီအစိုးရသစ် လက်ထက်ကျတော့ စည်ပင်သာ ယာရေးအဖွဲ့က တိုက်ရိုက် မ ကောက်တော့ဘဲ ပုဂ္ဂလိက လုပ် ငန်းရှင်တွေကို လေလံပေးသွား မယ်။ ကောက်ခံတဲ့ သူတွေက ကိုယ့်ဝန်ထမ်းမဟုတ်တော့ ပြဿ နာနည်းနည်းရှိနိုင်တယ်။ တစ်ခု ကောင်းတာက အဖွဲ့ဝင်တွေတိုး လာတာပေါ့’’ ဟု မော်လမြိုင်မြို့ နယ်စည်ပင်သာယာရေးအဖွဲ့အ ခွန်ဌာန ဒုဦးစီးမှူး ဒေါ်ခင်သန္တာ က ပြောသည်။
လေလံဆွဲသူများသည် ပြည် ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး အမျိုးသားမှတ်ပုံတင်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်းတင်ပြရ မည်ဖြစ်သည်။ စည်ပင်သာယာ ရေးဆိုင်ရာ အခွန်အကြွေး ကျန်သူများ လေလံဆွဲဝယ်ခွင့်မပြုခြင်း စသည့်အချက်များဖြင့် စည်းကမ်းထုတ်ပြန်ထားကြောင်း ဒေါ်ခင် သန္တာက ဆိုသည်။
‘‘လုပ်ငန်းလိုင်စင်ချပေးတာ လုပ်ငန်းအမျိုးအစားအတွဲလိုက် ချပေးတယ်။ အတွဲလိုက်ယူမှ လေလံဆွဲပိုင်ခွင့်ရှိတယ်။ ဥပမာပြော ရရင် ဈေးတစ်ခုတည်းယူလို့မရ ဘူး။ မော်လမြိုင်မြို့နယ်မှာရှိတဲ့ ဈေးအားလုံး။ သားသတ်လုပ်ငန်း လည်း ဒီလိုပဲ၊ ဈေးတစ်ခုအတွက် ယူလို့မရဘူး။ ဈေးအားလုံးယူရ မယ်။ လုပ်ငန်းတစ်ခုတည်း လေ လံဆွဲလို့မရဘူးဆိုတော့ ပိုက်ဆံရှိ တဲ့သူတွေပဲ ဆွဲနိုင်မယ်။ ကျွန် တော် သားသတ်လုပ်ငန်းအတွက် လေလံလာလျှောက်တာ အိမ်ဂရန် တင်ပြရမယ်ဆိုပြီး ပြောတယ်။ ကျွန်တော့်မှာ အိမ်ဂရန်မရှိတော့ လေလံဆွဲပိုင်ခွင့် မရှိတော့ဘူး’’ဟု သားသတ်လုပ်ငန်း လေလံဆွဲမည့် ဦးစိုးသန်းက ပြောသည်။
သားသတ်လုပ်ငန်းလိုင်စင် လေလံဆွဲသူများကို မြန်မာ့နှစ် ဆန်း (၁)ရက်နေ့၊ ကဆုန်လပြည့် နေ့၊ ဝါဆိုလပြည့်နေ့၊ သီတင်း ကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့၊ တပေါင်းလပြည့်နေ့ နှင့် အောက်တိုဘာ ၄ ရက်(ကမ္ဘာ့ တိရစ္ဆာန်များနေ့)တို့တွင် သတ် ဖြတ်ခြင်း၊ ရောင်းချခြင်းမပြုရဟု စည်းကမ်းထုတ်ပြန်ထားသည်။
မော်လမြိုင်မြို့တွင် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်က ဈေးများမှ လေ လံကောက်ခံငွေကျပ်သိန်း ၃,၆၀၀ ကျော်၊ အခြားလုပ်ငန်းမှ လေလံ ဝင်ငွေကျပ်သိန်း ၅,၀၀၀ ကျော်ရရှိ ထားသည်ဟု မော်လမြိုင်မြို့နယ် စည်ပင်အဖွဲ့မှ သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment