26.12.16

ခဲဓာတ်ပါဝင်မှုများပြားသော အလှပြင် ပစ္စည်းများကြောင့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်

ခဲဓာတ်သည် ပတ်ဝန်းကျင်တွင် သဘာဝအလျောက် ဖြစ်ပေါ်လေ့ရှိ သော်လည်း များပြားသောပမာဏကြောင့် လူ့ခန္ဓာကိုယ်အင်္ဂါ အား လုံးနီးပါးကို အန္တရာယ်ဖြစ်စေနိုင်သည်။

အမေရိကန် အစားအစာနှင့်ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့(FDA) က နှုတ်ခမ်းနီများနှင့် မျက်တောင်ဆိုးဆေးများမှနေ၍ ခေါင်းလျှော် ရည်များအထိ အလှပြင်ပစ္စည်းများတွင် အသုံးပြုထားသော ခဲဓာတ် ပါဝင်မှုပမာဏကို ထိန်းချုပ်ရန်စီစဉ်နေသည်။


အလှပြင်ပစ္စည်းများတွင် ခဲဓာတ် ၁၀ ppm ထက်ပို၍မပါဝင် သင့်ဟု FDA က လမ်းညွှန်ချက်တစ်ရပ် ထုတ်ပြန်ထားသော်လည်း ကုမ္ပဏီများအပေါ် ကန့်သတ်ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းမရှိသေး ကြောင်းသိရသည်။

ခဲဓာတ်ကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး များ အဓိကအန္တရာယ်ရှိနိုင်ကြောင်း အမေရိကန် သဘာဝပတ်ဝန်း ကျင်ကာကွယ်ရေးအေဂျင်စီက သတိပေးထားသည်။

အလှပြင်ပစ္စည်းများတွင်ပါဝင်သော ခဲဓာတ်ပမာဏနှင့်ပတ် သက်၍ လမ်းညွှန်မှုများပြုလုပ်ရေး FDA က ဈေးကွက်အတွင်းရှိ အလှပြင်ပစ္စည်း ရာပေါင်းများစွာကို စမ်းသပ်ခဲ့သည်။

အမေရိကန်ဈေးကွက်ထဲရှိ အလှပြင်ပစ္စည်းအများစုသည် ယေဘုယျအားဖြင့် ခဲဓာတ် ၁၀ ppm အောက်သာ ပါဝင်သော်လည်း အလှပြင်ပစ္စည်းအနည်းငယ်၌ ယင်းပမာဏထက် ပိုများနေ ကြောင်း တွေ့ရသည်ဟု FDA က ပြောကြားသည်။

အရောင်အတွက်သုံးသော ပစ္စည်းကလွဲ၍ အလှပြင်ပစ္စည်းများ (သို့မဟုတ်) ယင်းပစ္စည်းများတွင် ပါဝင်သော အရာများအတွက် ဈေးကွက်သို့ မရောင်းမီ FDA ၏ ခွင့်ပြုချက်ရယူရန် မလိုကြောင်း သိရသည်။

ထို့အပြင် အလှပြင်ပစ္စည်းကုမ္ပဏီများအနေဖြင့် ၎င်းတို့ထုတ် ကုန်များဆိုင်ရာ ဘေးကင်းလုံခြုံရေး အချက်အလက်များကိုလည်း FDA သို့ဖော်ပြရန်မလိုကြောင်းသိရသည်။ သို့သော် FDA က သတ် မှတ်ချက်အတိုင်း လိုက်နာမှုမရှိသော ဈေးကွက်အတွင်းရှိ ထုတ်ကုန် များကို အရေးယူနိုင်ကြောင်းသိရသည်။ ဥပဒေအရ စစ်ဆေးစည်း ကြပ်ခြင်းမရှိသော အလှပြင်ပစ္စည်းများတွင် ခဲဓာတ်ပါသင့်သော ပမာဏထက် များစွာပိုများနေပါက အသုံးပြုသူ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment