26.12.16

ရွေးကောက်ပွဲဥပဒေနှင့်မညီ၍ ‘ဝ’ပါတီဝင်တစ်ဦး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခွင့်မရ

‘ဝ’လစ်ဘရယ် ဒီမို ကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးကို ရွေးကောက်ပွဲ ဥပဒေနှင့်မညီ၍ ကြားဖြတ်ရွေး ကောက်ပွဲတွင် ဝင်ပြိုင်ခွင့်မရှိဟု အပြီးသတ် ဆုံးဖြတ်ခဲ့ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သတင်းရရှိ သည်။

မိုင်းရှူးမြို့ ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသော ‘ဝ’လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီဝင် ဒေါ်အေးအေး နွယ်ကို ရွေးကောက်ပွဲဥပဒေနှင့် မညီ၍ လွိုင်လင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ချထားခြင်းဖြစ်သည်။ အဆိုပါ ပါတီက ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အယူခံဝင်ရာ မအောင်မြင်ဘဲ အပြီးသတ် ပယ်ချခံရခြင်းဖြစ် ကြောင်း လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးသိန်းနိုင်က ပြောသည်။

‘‘ပြည်နယ်ကလည်း ပယ်ချ လိုက်ပါတယ်။ ပယ်ချလိုက်လို့ မိုင်းရှူးမှာ သူ(ဒေါ်အေးအေးနွယ်) ဝင်ပြိုင်ခွင့် မရှိတော့ပါဘူး’’ဟု ဦးသိန်းနိုင်က ပြောသည်။

ဒေါ်အေးအေးနွယ်သည် လားရှိုးမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ၂၀၁၆ စက် တင်ဘာ ၉ ရက်တွင် အငြိမ်းစား ယူရန် စီစဉ်သော်လည်း ဝန်ထမ်းဥပေဒအရ ကြိုတင်ပြင်ဆင်ခွင့် လေးလသတ်မှတ်ထား၍ လတ် တလောအချိန်တွင် နိုင်ငံ့ဝန်ထမ်း အဖြစ် အကျုံးဝင်နေသောကြောင့် ရွေးကောက်ပွဲဥပဒေနှင့် မညီ ခြင်းဖြစ်ကြောင်း ဦးသိန်းနိုင်က ရှင်းပြသည်။

‘ဝ’လစ်ဘရယ် ဒီမိုကရက် တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ သည် ၂၀၁၆ နိုဝင်ဘာ ၁၈ ရက် က နိုင်ငံရေးပါတီအဖြစ် တရား ဝင်မှတ်ပုံတင်ခဲ့ပြီး မိုင်းရှူးမြို့နယ် တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ်အမှတ် (၁)နှင့် (၂)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဝင် သုံးဦး အမည်စာရင်းတင်သွင်းခဲ့ ခြင်းဖြစ်သည်။ ယခုအခါ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ဝင် ပြိုင်မည့်သူတစ်ဦး ပယ်ချခံထား၍ မိုင်းရှူးမြို့နယ်မှ မဲဆန္ဒနယ်နှစ် နေရာအတွက်သာ ဝင်ပြိုင်ရဖွယ် ရှိနေသည်။

မိုင်းရှူးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်း ရင်းသား ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment