26.12.16

လုံခြုံရေးအရ ကန့်သတ်ထားသည့် ဒေသများကို ကုမ္ပဏီ အစီအစဉ်ဖြင့် ခွင့်ပြုတော့မည်မဟုတ်

လုံခြုံရေးအရ ကန့်သတ် ထားသော နယ်မြေများသို့ သွား ရောက်လည်ပတ်ရန် သက်ဆိုင် ရာသို့တင်ပြပြီး စီစဉ်ပေးနေသည့် ခရီးသွားကုမ္ပဏီများ ခရီး စဉ်များ အမြန်ရပ်ဆိုင်းရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

ခရီးသွားကုမ္ပဏီများ တာ ၀န်ခံစီစဉ်မှုဖြင့်ကန့်သတ်နယ်မြေ များသို့ သွားရောက်သည့် ခရီးများ ကို ၀န်ကြီးဌာနက နိုင်ငံတော် သမ္မတရုံးသို့ တင်ပြဆောင်ရွက် ပေးလျက်ရှိသည်။ ယခုထုတ်ပြန် ကြေညာချက်တွင် မည်သည့်နေ ရာများကို ကန့်သတ်ထားကြောင်းဖော်ပြခြင်းမရှိပေ။

‘‘ဒါနဲ့ပတ်သက်ပြီး ၀န်ကြီး ဌာနကို ကျွန်တော်လှမ်းမေးပါ တယ်။ ဒီကန့်သတ်နယ်မြေမှာပါ တဲ့ ဒေသတွေကို ထပ်ပြီးထုတ်ပြန် မယ်လို့ပြောတယ်။ အရင်ကသွား လို့မရဘူးထုတ်ထားတဲ့ နေရာ တွေက အခုသွားလို့ရနေပြီးအရင် သွားလို့ရတဲ့ နေရာတွေက အခု သွားလို့မရဖြစ်နေတယ်လေ။ ဒါ ကို ညှိနှိုင်းပြီးထပ်ထုတ်မယ်ပြော တယ်။ Tourist တွေအတွက်က တော့ အညိုရောင်နယ်မြေတွေကို မသွားတာကောင်းတယ်’’ဟု မြန် မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

ကန့်သတ်သည့် နယ်မြေ ဒေသများကို သေချာစွာမသိရ သေးသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအချို့နှင့်ကချင် ပြည်နယ်ရှိ မြို့နယ်အချို့တို့ပါဝင် နိုင်မည်ဟု ခန့်မှန်းကြသည်။ သို့ သော် အဆိုပါနေရာဒေသများ သည် နိုင်ငံခြားခရီးသွားဧည့်သည် များ အဓိကသွားလာရာနေရာများ မဟုတ်သဖြင့် ခရီးသွားလုပ်ငန်း ကို ကြီးကြီးမားမား မထိခိုက်နိုင် ကြောင်း နိုင်ငံခြားသားခရီးသွား ဧည့်သည်များအား ပြည်တွင်း၌ ပို့ဆောင်ပေးနေသည့် ခရီးသွား လုပ်ငန်းအချို့က ပြောသည်။

လက်ရှိခရီးစဉ်ရေးဆွဲမှုများ အရပြည်တွင်းသို့ နိုင်ငံတကာလေဆိပ်မှတစ်ဆင့် ၀င်ရောက်လာ သော နိုင်ငံခြားသားခရီးသည်အ များစုသည် ရန်ကုန်မြို့တွင်းရှိ သမိုင်းဝင်နေရာများ၊ မန္တလေး၊ ပုဂံ၊ အင်းလေးဒေသများသို့သာ အများဆုံး သွားရောက်လေ့ရှိ သည်။

ထို့အပြင် ယူနက်စကိုစာရင်းဝင် ရှေးဟောင်း ပျူမြို့သုံးခုသို့လည်း သွားရောက်လည်ပတ်မှုများရှိကြောင်း အဆိုပါခရီးသွားလုပ်ငန်းအချို့ကဆိုသည်။

ယခုကြေညာချက်ထွက်လာ ခြင်းမှာ နိုင်ငံတော်သမ္မတရုံးနှင့် စီးပွားကူးသန်းဝန်ကြီးဌာနကကန့် သတ်နယ်မြေများသို့ သွားရောက် ခွင့် တင်ပြမှုမလုပ်ရန် ၀န်ကြီးဌာန အား ညွှန်ကြားခြင်းကြောင့်ဖြစ် သည်။

ထို့ကြောင့် သက်ဆိုင်ရာ အ ဖွဲ့အစည်းများက ထုတ်ပြန်ထား သည့် လုံခြုံရေးအရ ကန့်သတ် ဒေသများသို့ သွားရောက်မည့် ခရီးစဉ်များကိုတင်ပြခြင်းမပြုရန် နှင့် ဒီဇင်ဘာ ၂၀ ရက်မတိုင်မီ ခွင့် ပြုထားသော ခရီးစဉ်များပယ်ဖျက် ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

လက်ရှိတွင် အဆိုပါဒေသ များသို့ လည်ပတ်လျက်ရှိသော ခရီးစဉ်များရှိနေပါက အမြန်ရပ် ဆိုင်းရန်နှင့် သက်ဆိုင်ရာခရီးသွား ကုမ္ပဏီများမှ ခရီးစဉ်ပယ်ဖျက်ရ ခြင်းများ ဖြစ်ပေါ်လာပါက နစ်နာ မှုမရှိစေရန် သက်ဆိုင်ရာခရီးသွား အဖွဲ့အစည်းများက ခရီးသွား ကုမ္ပဏီများသို့ အသိပေးညွှန်ကြား ရန် အကြောင်းကြားစာတွင် ဖော် ပြထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment