26.12.16

ကုန်သွယ်မှုပမာဏ ယခုနှစ်တွင် ကန်ဒေါ်လာ သန်း ၃၀၀ ကျော်လျော့

ဘဏ္ဍာနှစ်စမှ ဒီဇင်ဘာအထိ ရှစ်လအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်ကထက် ကန်ဒေါ်လာသန်းသုံးရာကျော် လျော့နည်းသွားကြောင်း သတင်းရရှိသည်။

ဧပြီမှ ဒီဇင်ဘာ ၁၆ ရက်အထိ ရှစ်လကျော်အတွင်း ပြည်ပနိုင်ငံများနှင့် ကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလီယံကျော်ကုန်သွယ်ထားပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်း ၃၄၀ ကျော် လျော့နည်းကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလ တူက ပြည်ပနိုင်ငံများနှင့် ကုန် သွယ်မှုမှ ကန်ဒေါ်လာ ၁၉ ဘီလီယံ ရှိခဲ့သည်။
ရှစ်လကျော်အတွင်း ပြည် ပနိုင်ငံများသို့ ပို့ကုန်ကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံကျော် တင် ပို့ထားပြီး ပြည်ပနိုင်ငံများမှ ကန် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ သည့် သွင်းကုန်များပြန်လည်တင် သွင်းထားကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ကုန်သွယ် မှုစာရင်းများအရ သိရသည်။
ရှစ်လကျော်အတွင်း ပြည်ပ သို့အဓိကတင်ပို့သည့် ပို့ကုန်များ ထဲမှ လယ်ယာထွက်ကုန်ပစ္စည်း ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ကျော်၊ ရေထွက်ကုန် ကန်ဒေါ်လာ သန်း ၃၆၀ ကျော်၊ သစ်တောထွက် ပစ္စည်း ကန်ဒေါ်လာ သန်း ၁၆၀ ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း ကန်ဒေါ်လာသန်း ၆၈၀ ကျော်၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြား ပို့ကုန်ပစ္စည်း ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်တင်ပို့ ထားကြောင်း ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။
ရှစ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော်၊ လုပ်ငန်းသုံး ကုန်ပစ္စည်း ကန်ဒေါ်လာ ၄ ဘီလီ ယံနှင့် လူသုံးကုန်ပစ္စည်းကန်ဒေါ် လာ ၂ ဒသမ ၆ ဘီလီယံကျော်၊ စုစုပေါင်း ကန်ဒေါ်လာ ၁၀ ဘီလီ ယံတင်သွင်းထားပြီးယခင်ဘဏ္ဍာ နှစ်ကာလတူတွင် တင်သွင်းထား သည့် ပမာဏနှင့်နှိုင်းယှဉ်ပါက သန်း ၇၀၀ ခန့် လျော့နည်းနေ ကြောင်း ကုန်သွယ်မှုစာရင်းများ အရ သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment