26.12.16

ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများ မြန်မာနိုင်ငံမှာ လုပ်ငန်းတိုးချဲ့လာကြ

Image may contain: car and outdoor
ဒီဇင်ဘာလထဲမှာပဲ ဆူဇူကီး ကားကုမ္ပဏီဟာ ကားတပ်ဆင်ရေးစက်ရုံသစ်တစ်ခုကို ရန်ကုန်မြို့အနီး သီလ၀ါ အထူးစီးပွားရေးဇုန် မှာတည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဆူဇူကီးကုမ္ပဏီဟာလက်ရှိမှာလည်း ပြည်တွင်းမှာကားစက်ရုံတစ်ရုံရှိထားပါတယ်။
လက်ရှိ ရန်ကုန်မှာရှိတဲ့စက်ရုံကနေ ထရပ်ကားသေးတွေနဲ့ minivanတွေကိုသာထုတ်လုပ်နေပြီးတော့ ထုတ်လုပ်မှုနဲ့ ကားအမျိုးစားများကိုလည်း တိုးချဲ့သွားမှဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

အလားတူ Nissan ကားကုမ္ပဏီဟာလည်း ပဲခူးမြို့မှာ စက်ရုံတည်ဆောက်ဖို့စီစဉ်နေပြီးတော့ ၀န်ထမ်းပေါင်း ၃၀၀ လောက်ခန့်ထားပြီးနောက်နှစ်မတ် လ ကစလို့ ကားသေး တွေစတင် ထုတ်လုပ်သွားနိုင်မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် Honda ကားကုမ္ပဏီကလည်းဒီလထဲမှာပဲ ကုမ္ပဏီထုတ်ကားတွေကို ၀န်ဆောင်မှုပေးဖို့အတွက်center for after-sales services ကိုဖွင့်လှစ်သွားတော့မှာဖြစ်ပြီးတော့ မြန်မာနိုင်ငံတွင်းရှိHonda ကားတွေ ကိုပြင်ဆင်စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

Toyota နဲ့ Mitsubishi ကားကုမ္ပဏီတို့ကတော့ မြန်မာနိုင်ငံတွင်းမှာအရောင်းဌာနများရှိပြီြးုဖစ်ပါတယ်။


Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment