26.12.16

တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်၍ တပ်မတော်အပေါ် ထောက်ခံဆန္ဒပြပွဲကို တိုင်းရင်းသားအဖွဲ့များက ကန့်ကွက်

 မြန်မာ့တပ်မတော်နှင့် တရားသောစစ် အောင်မြင်စေ ကြောင်း ထောက်ခံဆန္ဒပြပွဲတွင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင် ကာ ဆန္ဒပြထောက်ခံခဲ့ခြင်းကို မွန်နှင့် ကချင် အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ကြေညာချက် များ အသီးသီးထုတ်ပြန်ခဲ့သည်။
 ရခိုင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတို့တွင် စစ်ဆင် ရေး အသွင်ဖြင့် ထိုးစစ်ဆင်နေ သော တပ်မတော်ကို အောင်မြင် မှုရရှိရေးနှင့် ထောက်ခံမှုပြုလုပ် သည့် ဆန္ဒပြပွဲကို ဒီဇင်ဘာ ၁၈ ရက်၌ လူနှစ်ထောင်ခန့်က ရန် ကုန်မြို့၌ ပြုလုပ်ရာ လူအချို့ သည် မွန်နှင့်ကချင် အပါအဝင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင် ကာ ထောက်ခံဆန္ဒပြခဲ့ကြသည်။
   တပ်မတော်အပေါ်ထောက်ခံ ဆန္ဒပြရာတွင် မွန်တိုင်းရင်းသား ဝတ်စုံများဝတ်ဆင်ခြင်းနှင့် ပတ်သက်၍ မွန်အမျိုးသားအခြေပြုအဖွဲ့အစည်း ၁၈ ဖွဲ့က ဒီဇင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင်  ဆန္ဒပြပွဲ၌ မွန်တိုင်းရင်းသားအပါ အဝင် အခြားတိုင်းရင်းသားများ၏ ရိုးရာဝတ်စုံများဝတ်ဆင်ပြီး တိုင်း ရင်းသားအမည်လက်ကိုင်ဆိုင်း ဘုတ်များ ကိုင်ဆောင်ကာ ထောက်ခံဆန္ဒပြခြင်းသည် မွန်လူ မှုအသိုင်းအဝိုင်းမှ သိရှိသူများ မဟုတ်သကဲ့သို့ မွန်လူမှုအဖွဲ့အစည်းများက စေလွှတ်ထားသူများလည်း မဟုတ်ကြောင်း  ရေးသားထားသည်။
ထို့အပြင် မည်သည့်စစ်မက် တိုက်ခိုက်မှုကိုမဆို မွန်အမျိုးသား အခြေပြုအဖွဲ့အစည်းများက မ ထောက်ခံကြောင်း၊ ပြည်သူများ ကို ထင်ယောင်ထင်မှား ပြုလုပ် ခြင်းနှင့် ထိုသို့စီစဉ်ညွှန်ကြားသူ များကို ပြင်းထန်စွာ ကန့်ကွက် ကြောင်းနှင့် တိုင်းရင်းသားဒေသ များတွင် ထိုးစစ်ဆင်နေမှုများ အမြန်ဆုံးရပ်တန့်ပေးရန် တိုက် တွန်းအပ်ပါကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

‘‘လက်ရှိ ငြိမ်းချမ်းရေးဖြစ် စဉ်ကို လုပ်နေတဲ့အချိန် တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည် ဆောက်နေရတဲ့ကာလမှာ ဒီလို အယောင်ဆောင်တဲ့ကိစ္စကို မလုပ်သင့်ဘူးလို့ ယူဆတယ်။ တိုင်းရင်း သားတွေဘက်က ကြည့်ရင် ဒီလို အတုအယောင်ကို လုပ်လို့ တစ် မျိုး မြင်နိုင်ပါတယ်။  ဒါတွေကအစ နားလည်မှုလွဲနိုင်တာပါ။ ဒါ ကြောင့် ဒီသဘောထားထုတ်ပြန် ချက်ကို ထုတ်ပြန်လိုက်တာပါ’’ဟု မွန်အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်မှ ဦးဆောင်သူ ကိုမင်း အောင်ထူးက ပြောသည်။
အဆိုပါသဘောထားမှတ် ချက်များကို မွန်ပြည်နယ်တွင်သာ မက မွန်တိုင်းရင်းသားများရှိသည့် နေရာများသို့ပါ ဖြန့်ဝေမည်ဟု ကို မင်းအောင်ထူးက ပြောသည်။
ထို့အပြင် Kachin Youth Organization(KYO)ကချင်အဖွဲ့ အစည်းကလည်း ကချင်တိုင်းရင်း သားဝတ်စုံများဝတ်ဆင်၍ ဆန္ဒပြ မှုအပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြသည့် ဒီဇင်ဘာ ၁၈ ရက်မှာပင် ကြေညာချက် ထုတ်ပြန်ထား သည်။
တိုင်းရင်းသား ဝတ်စုံများ ဝတ်ဆင်၍ ထောက်ခံပွဲ ပြုလုပ် ခြင်းကို မွန်နှင့် ကချင်အဖွဲ့ အစည်းများက ကန့်ကွက်ကြောင်းကြေညာချက်များ ထုတ်ပြန်သည့်အပေါ် ဂရုစိုက်မည်မဟုတ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့၌ မြန်မာ့တပ်မတော်နှင့် တရားသောစစ်  အောင်မြင်စေလိုကြောင်း ထောက်ခံပွဲပြုလုပ်ရာ၌ ဦးဆောင်သူတစ်ဦးဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံသူ ဦးတင့်လွင်က ပြောကြားသည်။
‘‘အခု ဆန္ဒပြပွဲကို ကန့်ကွက် တယ်ဆိုတဲ့သူတွေက AA နဲ့ KIA က လူတွေချည်းပဲ။ ကျန်တဲ့တိုင်း ရင်းသားတွေ မပါဘူး။ ကရင် လည်း မပါဘူး။ ကယားလည်း မပါဘူး။ ယဉ်ကျေးမှုကဇာတ်မှာ ဆိုရင် တိုင်းရင်းသားဝတ်စုံဝတ် ပြီး မြန်မာလူမျိုးတွေ၊ ယဉ်ကျေးမှု က ကျောင်းသူလေးတွေ၊ ကျောင်းသားလေးတွေက အမြဲတမ်းကနေ တာ တွေ့ရတယ်။ တိုင်းရင်းသား တွေမှာလည်း ဖြူတာလည်း ရှိ မယ်။ မည်းတာလည်း ရှိမယ်။ တချို့ တိုင်းရင်းသားကလေးတွေ အများကြီးပါတယ်။ အဲဒီအပေါ်မှာ ငါတို့က ဘာမှ ဒီကောင်တွေပြောတာကို ရေးကြီးခွင်ကျယ်ဂရု စိုက်စရာ မရှိဘူး။ သူတို့ကိုလည်း သွားပြောနေမယ်ဆိုရင် နောက်လာမယ့် ပွဲတွေမှာ အနှောင့်အယှက်တွေ အများကြီး ဖြစ်လာ မယ်’’ ဟု ဦးတင့်လွင်က ပြော ကြားသည်။
 ယင်းထောက်ခံပွဲတွင် သံ ဃာတော်များ၊ စစ်မှုထမ်းဟောင်း များ၊ အမျိုးသားရေးလှုပ်ရှားသူ များအပါအဝင် ကချင်၊ မွန်၊ ရှမ်း နှင့် အခြားတိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသူအချို့ အပါအဝင် လူနှစ်ထောင်ခန့်က ထောက်ခံ ကြောင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment