26.12.16

မန္တလေးတိုင်းရှိ SME လုပ်ငန်းများ FDA ထောက်ခံချက်ရရန်နှင့် စားသုံးရန်မသင့်သော အစားအသောက်များ တင်သွင်းမှု တားမြစ်ရန် ပညာပေးဆွေးနွေးပွဲပြုလုပ်မည်

မန္တလေးတိုင်းအတွင်းရှိ အသေးစား၊ အလတ်စား SMEလုပ်ငန်းများ FDA ထောက်ခံချက်အလွယ်တကူ ရရှိနိုင်ရန်နှင့် စားသုံးရန် မသင့်သော အစားအ သောက်များ တင်သွင်းမှုတားမြစ် ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် SMEလုပ်ငန်းများ တွေ့ဆုံကာ ပညာပေးဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့တွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သတင်းရရှိသည်။

‘‘SMEလုပ်ငန်းတွေရဲ့ ထုတ် ကုန်တွေကို FDA ထောက်ခံချက် ရဖို့နဲ့ စားသုံးရန်မသင့်တဲ့အစားအ သောက်တွေ တင်သွင်းတာတွေ ကို တားမြစ်ဖို့အတွက် ဌာနဆိုင် ရာက တာဝန်ရှိသူတွေနဲ့ SME လုပ်ငန်းရှင်တွေ တိုက်ရိုက်တွေ့ ဆုံပြီး ပညာပေးဆွေးနွေးပွဲပုံစံမျိုး လုပ်သွားမှာဖြစ်ပါတယ်။ ဆွေး နွေးပွဲလုပ်မယ့်ရက်ကိုတော့ အ သင်းအစည်းဝေးမှာ ဆွေးနွေးပြီး သတ်မှတ်သွားပါမယ်’’ ဟုမန္တလေးတိုင်း SMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းဌေးကပြောသည်။ လက်ရှိတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)က သတ်မှတ်ထားသည့် Layout Plan ပုံစံသည် အနည်းဆုံးပေ ၄၀x၆၀ ခန့်ကျယ်ဝန်းသည့် မြေနေရာပေါ်၌ သီးသန့်အဆောက်အအုံဖြင့် လုပ်ငန်းလည် ပတ်နိုင်မှသာ ထောက်ခံချက်ပေး နိုင်မည်ဖြစ်၍ တစ်နိုင်တစ်ပိုင်လုပ်ငန်းဆောင်ရွက်နေသည့် အသေးစားအိမ်တွင်းမှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်နိုင်သောကြောင့် FDA၏ ထောက်ခံချက်ရရှိရန် အခက်အခဲ ရှိကြောင်း ၎င်းကပြောသည်။

‘‘အနည်းဆုံး ပေ ၆၀အတွင်း မှာ ဆောက်ထားတဲ့အဆောက်အအုံမှာတောင် သူတို့ရဲ့ Layout Plan နဲ့ လုပ်ဖို့ကမလွယ်ပါဘူး။ SME လုပ်ငန်းအများစုက အိမ် တွင်းမှုလုပ်ငန်းတွေဖြစ်တဲ့အတွက် မြေနေရာ၊ အဆောက်အအုံတွေ ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်တဲ့အတွက် သူတို့ ထုတ်ကုန်က စားသုံး ရန်သင့်တယ်ဆိုရင်တောင် ထောက်ခံချက်ကမရတော့ဘူး။ အဲဒါတွေကိုလည်း ဖြေလျှော့ပေးသွားဖို့ ဆွေးနွေးမှုတွေလုပ်သွားပါမယ်’’ ဟု ဦးဝင်းဌေးကပြောသည်။

မန္တလေးတိုင်းကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(MRCCI)တွင်အသင်းဝင် ထားသည့် အသေးစား၊ အလတ် စား SMEလုပ်ငန်းပေါင်း ၁,၂၀၀ ကျော်အထိရှိပြီး ၇၀ရာခိုင်နှုန်းမှာ တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုစီးပွား ရေးလုပ်ငန်းများဖြစ်ကြောင်း မန္တ လေးတိုင်း SMEလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကော်မတီမှ သိ ရသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment