28.12.16

ရန်ကုန်တွင် ကားပါကင် ယာဉ်ရပ်နားခများပြန်လည်ကောက်ခံမည်

ရန်ကုန်မြို့တွင် ယာဉ် ရပ်နားရမည့်နေရာလိုင်းများရေး ဆွဲကာ ယာဉ်ရပ်နားခများကိုပြန် လည်ကောက်ခံမည်ဟု ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ် နားမှုများ စနစ်တကျဖြစ်စေရန် အများပိုင်လမ်းများတွင် ကားပါ ကင်လိုင်းများရေးဆွဲ၍ ယာဉ်ရပ် နားခကောက်ခံပြီး ယာဉ်ရပ်နားမှု ဆိုင်ရာ စည်းကမ်းချက်များ၊ မူဝါဒများချမှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ လသာမြို့နယ် မဲဆန္ဒနယ်အ မှတ်(၁)မှ လွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဝင်းနိုင်၏မေးမြန်းမှု ကို ဒီဇင်ဘာ ၂၇ ရက် တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး တွင် ဒေါ်နီလာကျော်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
 ‘‘ အများပြည်သူပိုင်လမ်း များအားလုံးမှာ ယာဉ်မရပ်ရတဲ့နေရာ၊ ယာဉ်ရပ်နားရမယ့် နေရာ တွေ သတ်မှတ်ပြီးတော့ လမ်းရဲ့အ ကျယ်အဝန်းကို လိုက်ပြီး မည် သည့်ပုံစံမျိုးရပ်မယ်၊ အရှည်တိုင်း ရပ်မယ်၊ ၄၅ ဒီဂရီရပ်မယ်။ ၉၀ ဒီဂရီရပ်မယ်။ အဲဒီလိုမျိုး သတ် သတ်မှတ်မှတ်ပိုင်းခြားပြီး မျဉ်း များရေးဆွဲ၍ ယာဉ်ရပ်နားခကို စနစ်တကျ ကောက်ခံခြင်းဖြင့် ဆောင်ရွက်သွားဖို့စီစဉ်လျက်ရှိပါ တယ်’’ဟု ဒေါ်နီလာကျော်ကပြော သည်။
ရန်ကုန်မြို့တွင်း ယာဉ်ရပ် နားခကောက်ခံမှုကို ယခင်အစိုးရ လက်ထက် အစောပိုင်းကာလအ ထိ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက လုပ်ငန်းရှင် များအား ကန်ထရိုက်ချပေးကာ လုပ်ကိုင်ခွင့်ပေးခဲ့သည်။ သို့သော် ကန်ထရိုက်လုပ်ကိုင်ခွင့်ရရှိသူ များသည် အခြားသူများထံ ကန် ထရိုက်အဆင့်ဆင့်  လွှဲပြောင်း ရောင်းချ လုပ်ကိုင်မှုများရှိခဲ့ပြီး ယာဉ်ရပ်နားမှုများကို စနစ်တကျ တာဝန်ယူကိုင်တွယ်ခြင်းမရှိတော့ ဘဲ ငွေရယူလိုမှုဖြင့်သာ လုပ်ကိုင် မှုများရှိလာခဲ့ခြင်းကြောင့် ယင်း စနစ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ် သည်ဟု ၎င်းက ပြောသည်။
 ‘‘လမ်းဘေးဈေးသည်တွေ မရှိတော့တဲ့ နေရာတွေမှာတောင် ယာဉ်ရပ်နားမှုတွေက အခုအချိန် မှာ စနစ်တကျမရှိတာမျိုးတွေရှိ နေတယ်။ ဒါတွေကို စနစ်တကျ ဖြစ်အောင် ယာဉ်တွေ စည်းကမ်း တကျ ရပ်နားနိုင်အောင် စီစဉ် ဆောင်ရွက်ပေးဖို့ လိုပါတယ်’’ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဇော် ဝင်းနိုင်က ပြောသည်။
ရန်ကုန်မြို့တွင် ယာဉ်စီးရေ တိုးမြင့်လာသော်လည်း ယာဉ်ရပ် နားရန်နေရာ ရှားပါးနေခြင်း ကြောင့် ကားပါကင်လုသည့်ကိစ္စ ကြောင့် ခိုက်ရန်ဖြစ်ပွားမှုများ လည်း မကြာခဏ ဖြစ်ပေါ်နေ ကြောင်း ရန်ကုန်မြို့တွင်းနေထိုင် သူများက ပြောသည်။
ရန်ကုန်မြို့တွင် လမ်းဘေး ယာဉ်ရပ်နားမှုများကို စနစ်တကျ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ လို အပ်သည့် ကားပါကင်များကို လည်း တည်ဆောက်သွားမည်ဟု ဝန်ကြီးက ဆက်လက်ပြောကြား သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment