21.12.16

အသတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အလောင်းများ မလေးရှားးဆေးရုံတစ်ခုတွင် သောင်တင်နေ

မလေးရှားနိုင်ငံတွင် အသတ်ခံရသည့် မြန်မာနိုင်ငံသား အလောင်းနှစ်လောင်း ဆီလန်ဂေါ ပြည်နယ်ရှိ ဘန်တီးဆေးရုံ၌ သောင်တင်နေကြောင်း ကွာလာ လမ်ပူမြို့ရှိ ကပုန်း (၇) ရက် သား သမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။

အသတ်ခံရသော မြန်မာလုပ် သား စည်သူဝင်း(နိုင်ငံကူးလက် မှတ်အမှတ် -MA699443)နှင့် ဒုက္ခသည်ကတ်ကိုင်ဆောင်ထား သူ မွန်စိုး(UNHCR ကတ်အမှတ် -354-10C09800)တို့၏ ရုပ်အ လောင်းများသည် ပိုင်ရှင်မရှိ၍ သင်္ဂြိုဟ်နိုင်ခြင်းမရှိဘဲ ဘန်တီး ဆေးရုံတွင် သောင်တင်နေခြင်းဖြစ် ကြောင်း ဦးဆန်းဝင်းကပြောသည်။

‘‘အဲဒီအလောင်းတွေက အောက်တိုဘာလတုန်းက အ သတ်ခံရတာလို့ သိထားပါတယ်။ အဲဒါအလောင်းကို သင်္ဂြိုဟ်ဖို့ ပိုင် ရှင်မရှိလို့ သောင်တင်နေတဲ့ သ ဘောပေါ့။ အဲဒါကို အလောင်းလာ ထုတ်ဖို့ မလေးရဲက အကြောင်း ကြားလာတာပေါ့’’ဟု ဦးဆန်းဝင်း က ပြောသည်။

မြန်မာလုပ်သားနှစ်ဦးဖြစ် သော စည်သူဝင်းနှင့် မွန်စိုးတို့ သေ ဆုံးသွား၍ မလေးရှားရှိ ကွာလာ လန်ဂတ်ရဲတပ်ဖွဲ့က သံရုံးသို့ ဆက်သွယ်အကြောင်းကြားလာ ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ ၂၀ ရက် တွင် သတင်းထုတ်ပြန်ထားသည်။

‘‘အခုမှ အသတ်ခံရတာတော့ မဟုတ်ဘူး။ အဲဒီ အလောင်းတွေ က ကြာနေပြီ။ အဲဒါအလောင်းပိုင် ရှင်မရှိလို့ လာပြီးအကြောင်းကြား တာလို့ သိရပါတယ်’’ဟု မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးတင်ဝင်း အောင်က ပြောသည်။

သေဆုံးသူနှစ်ဦးကို မီး သင်္ဂြိုဟ်ရေးအပါအ၀င် နာရေးကိစ္စ များ ဆောင်ရွက်နိုင်ရန် မိသားစု ၀င်များ၏ သဘောတူညီချက် လို အပ်သောကြောင့် သေဆုံးသူ၏ မိသားစုဝင်များ ကွာလာလမ်ပူမြို့ ရှိ မြန်မာသံရုံးထံ ဆက်သွယ်အ ကြောင်းကြားရန် ထုတ်ပြန်ထား သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment