21.12.16

၂၀၁၆ ခုနှစ်အတွင်း တယ်လီကွန်းလုပ်ငန်းထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဖိတ်ခေါ်ထားနိုင်

Image may contain: sky, grass and outdoor
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်းကိုဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေထဲမှာတော့ တယ်လီကွန်းလုပ်ငန်းကဏ္ဍမှာ ၀င်ရောက်ခဲ့တဲ့ပမာဏက အများဆုံးဖြစ်ခဲ့ပြီးတော့ စုစုပေါင်းဝင်ရောက်မှုအားလုံးရဲ့ ၄၇ ဒသမ ၀၇ ရာခိုင်နှုန်းထိရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

တယ်လီကွန်းလုပ်ငန်းရဲ့နောက်မှာတော့ စက်မှုလုပ်ငန်းကဏ္ဍကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၅ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ယင်းတို့ရဲ့ နောက်မှာတော့ လျှပ်စစ်စွမ်းအား၊ ဟိုတယ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွေ အသီးသီးရပ်တည်နေလျက်ရှိပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်အထိ နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ပမာဏ ၃ ဒသမ ၄၆ ဘီလီယံ ဒေါ်လာ ရရှိထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် စင်ကာပူနိုင်ငံကရပ်တည်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ယခုဘဏ္ဍာနှစ်အတွင်း စုစုပေါင်းရရှိထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ ယခင်ဘဏ္ဍာနှစ်အလားတူကာလကနဲ့ နှိုင်းယှဉ်ရင်ကန်ဒေါ်လာ ၁ ဘီလီယံထိ ကျဆင်းသွားခဲ့ပြီးတော့ ရည်မှန်းချက်ကိုပြည့်မီနိုင်ခဲ့ခြင်းမရှိဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက ပြောသွားပါတယ်။
ယခုလိုဖြစ်ရတာကလည်း ပြည်ပရင်းနှီးမြုပ်နှံသူတွေအနေနဲ့ နိုင်ငံအစိုးရသစ်ရဲ့ မူဝါဒတွေအပါအ၀င် ဥပဒေစည်းမျဉ်းသစ်တွေကိုစောင့်ကြည့်လေ့လာနေဆဲကာလဖြစ်တာကြောင့်လို့လည်း သိရပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment