21.12.16

လွှတ်တော်အစည်းအဝေးအတွင်း ဂျာနယ်ဖတ်နေသည့် ဒီချုပ်ကိုယ်စားလှယ်တစ်ဦးကို ဥက္ကဋ္ဌသတိပေး

လွှတ်တော်အစည်းအဝေးကျင်းပနေ စဉ် ဂျာနယ်ဖတ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို လွှတ် တော်စည်းကမ်းလိုက်နာရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြင်းထန်စွာသတိပေးလိုက်သည်။

ကောလင်းမြို့နယ် ဒီချုပ်လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဇော်အောင်သည် ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်အစည်းအဝေးချိန်အ တွင်း ဂျာနယ်ဖတ်နေသဖြင့် လွှတ်တော်စည်းကမ်းကို လိုက်နာရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့ခြင်းဖြစ်သည်။
‘‘ဦးမျိုးဇော်အောင် လွှတ် တော်ထဲမှာ ဂျာနယ်ဖတ်ဖို့မဟုတ် ဘူးနော်။ ခင်ဗျားတို့ စည်းမဲ့ကမ်းမဲ့ လုပ်ဖို့ မစဉ်းစားနဲ့။ စည်းမဲ့ကမ်းမဲ့ လုပ်မယ်ဆို လွှတ်တော်ထဲဝင် မလာနဲ့’’ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြား ခဲ့သည်။
ယင်းကဲ့သို့ သတိပေးခံရမှု အပေါ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမျိုးဇော်အောင်က လွှတ်တော်အတွင်း ဂျာနယ်ဖတ် ခြင်းသည် လွှတ်တော်အား မလေးစားသည့်သဘော သက်ရောက် သော်လည်း ၎င်းအနေဖြင့် မဲဆန္ဒ ရှင်ပြည်သူများနှင့် လွှတ်တော် အား လေးစားမှုရှိကြောင်းနှင့် ၎င်း အား မဲပေးခဲ့သော ပြည်သူများ၏ အကျိုးအတွက် ဆက်လက်ကြိုး စားမည်ဟု လွှတ်တော်ရပ်နားချိန် တွင် သတင်းထောက်များအား ပြောသည်။
‘‘စာဖတ်နေတာဟုတ်ပါ တယ်။ မဲဆန္ဒရှင်ပြည်သူတွေကို ဒီ နေရာကနေပဲ တောင်းပန်ပါ တယ်။ ပြည်သူတွေအကျိုးအ တွက် ကျွန်တော်ဆက်ကြိုးစား သွားမှာပါ’’ဟု ဦးမျိုးဇော်အောင် က ဆိုသည်။
လွှတ်တော်ကျင်းပနေချိန် တွင် လွှတ်တော်ဂျာနယ်ကို ဖတ် နေခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုသမ္မတတို့ ဒဏ်ရာရစစ်သား များကို အတူတူအားပေးသည့် သတင်းအား စိတ်ဝင်စား၍ ဖတ်မိ လိုက်ခြင်းဖြစ်ပြီး တီဗီမျက်နှာပြင် ပေါ်တွင် ပေါ်လာသည့်အတွက် ပြင်းထန်သော သတိပေးမှု ခံရခြင်းဖြစ်ကြောင်း ဦးမျိုးဇော်အောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် ရှင်းပြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လွှတ်တော် ကျင်းပချိန်အတွင်း ဒီချုပ်ကိုယ် စားလှယ်အချို့အား လွှတ်တော် စည်းကမ်းများကို လိုက်နာရန် သတိပေးမှုများ မကြာခဏပြုလုပ် လေ့ရှိပြီး ဒီဇင်ဘာ ၁၄ ရက်က လည်း ဒီပဲယင်းမြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့် အောင်အား သတ်မှတ်အင်္ကျီမဝတ်ဆင်၍ သတိပေးခဲ့သေး သည်။ ပြည်သူ့ လွှတ်တော်အစည်းအဝေးချိန်အတွင်း ဂျာနယ်ဖတ်နေသဖြင့် လွှတ်တော်စည်းကမ်းကို လိုက်နာရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့ခြင်းဖြစ်သည်။
‘‘ဦးမျိုးဇော်အောင် လွှတ် တော်ထဲမှာ ဂျာနယ်ဖတ်ဖို့မဟုတ် ဘူးနော်။ ခင်ဗျားတို့ စည်းမဲ့ကမ်းမဲ့ လုပ်ဖို့ မစဉ်းစားနဲ့။ စည်းမဲ့ကမ်းမဲ့ လုပ်မယ်ဆို လွှတ်တော်ထဲဝင် မလာနဲ့’’ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြားသည်။
ယင်းကဲ့သို့ သတိပေးခံရမှု အပေါ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမျိုးဇော်အောင်က လွှတ်တော်အတွင်း ဂျာနယ်ဖတ် ခြင်းသည် လွှတ်တော်အား မလေးစားသည့်သဘော သက်ရောက် သော်လည်း ၎င်းအနေဖြင့် မဲဆန္ဒ ရှင်ပြည်သူများနှင့် လွှတ်တော် အား လေးစားမှုရှိကြောင်းနှင့် ၎င်း အား မဲပေးခဲ့သော ပြည်သူများ၏ အကျိုးအတွက် ဆက်လက်ကြိုး စားမည်ဟု လွှတ်တော်ရပ်နားချိန် တွင် သတင်းထောက်များအား ပြောသည်။
‘‘စာဖတ်နေတာဟုတ်ပါ တယ်။ မဲဆန္ဒရှင်ပြည်သူတွေကို ဒီနေရာကနေပဲ တောင်းပန်ပါ တယ်။ ပြည်သူတွေအကျိုးအ တွက် ကျွန်တော်ဆက်ကြိုးစား သွားမှာပါ’’ဟု ဦးမျိုးဇော်အောင် က ဆိုသည်။
လွှတ်တော်ကျင်းပနေချိန် တွင် လွှတ်တော်ဂျာနယ်ကို ဖတ် နေခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုသမ္မတတို့ ဒဏ်ရာရစစ်သား များကို အတူတူအားပေးသည့် သတင်းအား စိတ်ဝင်စား၍ ဖတ်မိ လိုက်ခြင်းဖြစ်ပြီး တီဗီမျက်နှာပြင် ပေါ်တွင် ပေါ်လာသည့်အတွက် ပြင်းထန်သော သတိပေးမှု ခံရခြင်းဖြစ်ကြောင်း ဦးမျိုးဇော်အောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် ရှင်းပြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လွှတ်တော် ကျင်းပချိန်အတွင်း လွှတ်တော် စည်းကမ်းများကို လိုက်နာရန် သတိပေးမှုများ မကြာခဏပြုလုပ် လေ့ရှိပြီး ဒီဇင်ဘာ ၁၄ ရက်က လည်း ဒီပဲယင်းမြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့် အောင်အား သတ်မှတ်အင်္ကျီမဝတ်ဆင်၍ သတိပေးခဲ့သေးသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment