6.12.16

ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် FMI လုပ်ငန်းအုပ်စု၏ နိုင်ငံခြားငွေကြေးလွှဲပြောင်းမှု ကျပ် ၁ ဒသမ ၆ ဘီလျံကျော်အထိ ဆုံးရှုံးခဲ့ပြီး ရိုးမဘဏ်မှာလည်း နိုင်ငံခြားငွေစာရင်း လွှဲပြောင်းမှုမှ စံချိန်တင်ဆုံးရှုံးမှုဖြစ်ပေါ်

အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် FMI လုပ်ငန်းအုပ်စု၏ နိုင်ငံခြားငွေ ကြေးလွှဲပြောင်းမှုအရှုံးငွေ ကျပ် ၁ ဒသမ ၆ ဘီလျံကျော်အထိ ဆုံးရှုံးခဲ့ပြီး ရိုးမဘဏ်မှာလည်း ငွေကြေးလဲလှယ်မှု အစိတ်အပိုင်းအဖြစ် ဒေါ်လာကို အသုံးပြုပြီး နိုင်ငံခြားငွေစာရင်း စီးပွားရေး ဆက်သွယ်မှုလုပ်ဆောင်သည့် ရိုးမဘဏ်သည်လည်း ငွေကြေးလွှဲပြောင်းခြင်းမှ စံချိန်တင်ဆုံးရှုံးမှုဖြစ်ခဲ့သည် ဟု FMI ၏ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်း ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

FMI လုပ်ငန်းအုပ်စု၏ နိုင်ငံခြားငွေကြေးလွှဲပြောင်းခြင်းမှ အရှုံးမှာ ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်ရာတွင် ငွေကြေးလဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ယင်းဆုံးရှုံးမှုတွင် အဓိကအားဖြင့် ဘန်ကောက်ဘဏ်၏ ချေးငွေကို ဒေါ်လာဖြင့် သတ်မှတ်ထားခြင်းကြောင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။


ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဆုံး စာရင်းဝင်ကုမ္ပဏီ FMI ၏ ယခုဘဏ္ဍာနှစ် ၀က်ဝင်ငွေမှာ ကျပ် ၇၆ ဘီလျံကျော်အထိရှိခဲ့ပြီး ယမန်နှစ်ဝင်ငွေထက် ၄၉ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည့်အပြင် ကုမ္ပဏီအုပ်စု၏ အကြမ်းအမြတ်တွင်လည်း ကျပ် ၂၃ ဘီလျံ ကျော်ဖြင့် ဆက်လက်မြင့်တက်ခဲ့ကြောင်း FMI ၏ နှစ်ဝက်ဘဏ္ဍာရေး ရှင်းတမ်းဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

FMI အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အတွင်း ၀င်ငွေ ၇၄ ဒသမ ၆ ဘီလျံကျော် ရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၀င်ငွေ ကျပ် ၄၉ ဒသမ ၉ ဘီလျံကျော်သာ ရှိသဖြင့် အမြတ်ပမာဏတွင် ၄၉ ဒသမ ၄ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

FMI ကုမ္ပဏီ၏ မူရင်းတန်ဖိုးတွင်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျပ် ၅၁၅ ဘီလျံကျော် အထိမြင့်တက်လာခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၃၅၁ ကျပ်ဘီလျံကျော် ရှိသဖြင့် မူရင်းတန်ဖိုးတွင်လည်း ၄၆ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီအုပ်စု၏ အကြမ်းဖျင်းအမြတ် ပမာဏတွင် ယခင်ဘဏ္ဍာနှစ်ကထက် ကျပ် ၉ ဘီလျံခန့်မြင့်တက်ခဲ့ကာ ၅၅ ဒသမ ၅ ရာ ခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ ထိုသို့ မြင့်တက်ရာတွင် တွဲဖက်ကုမ္ပဏီများမှအမြတ်မှာ ၁၁၈၁ ကျပ် သိန်းကျော်၊ လုပ်ငန်းလည်ပတ်မှုများမှ အမြတ်မှာ ၂ ဒသမ ၅ ဘီလျံကျော်၊ လုပ်ငန်းလည်ပတ်မှု မဟုတ်သောအမြတ်မှာ ကျပ် ၅ ဒသမ ၂ ဘီလျံကျော်နှင့် အခွန်မလျာထားမီ အမြတ်မှာ ကျပ် ၇ ဒသမ ၇ ဘီလျံကျော်ရှိကာ အသားတင်အမြတ်မှာ ကျပ် ၆ ဒသမ ၁ ဘီလျံ ကျော်အထိရှိခဲ့ပြီး အဆိုပါ အမြတ်ပမာဏအား လုံးမှာ ၂၇ ဒသမ ၉ ရာ ခိုင်နှုန်းမှ ၂၀၅ ဒသမ ၄ ရာခိုင်နှုန်းအကြား ကဏ္ဍအလိုက်မြင့်တက် ခဲ့ကြောင်း သိရသည်။

ထိုသို့ FMI ၏ ယခုဘဏ္ဍာနှစ်ဝက် ၀င်ငွေတိုးတက်မှုသည် အဓိကအားဖြင့် ၀င်ငွေ ကျော်လွန်အောင် ဆက်လက်စွမ်းဆောင်ခဲ့သော ရိုးမဘဏ်လီမိတက်၌ ၀င်ငွေပိုမိုမြင့် တက်လာခြင်းကြောင့် ဖြစ်သည်။

ရိုးမဘဏ်သည် ချေးငွေထုတ်ချေးမှု တိုးတက်လာခြင်းနှင့် ဘဏ်လုပ်ငန်းယှဉ်ပြိုင်မှုတွင် ဈေးကွက်ရှယ်ယာ တိုးတက်လာခြင်းတို့ကြောင့် အတိုးရငွေ ၆၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကာ ရိုးမဘဏ်၏ ၀န်ဆောင်မှု အခကြေးငွေမှ ၀င်ငွေရရှိမှုသည်လည်း ၂၀၁၅- ၂၀၁၆ခု ဘဏ္ဍာရေးနှစ်ဝက်ကာလနှင့် နှိုင်းယှဉ်ပါက ၃၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပန်းလှိုင်စီလုံဆေးရုံ “PHSH” သည်လည်း ဆက်လက်တိုးတက်ခဲ့ပြီး စုစုပေါင်း ၀င်ငွေ ၂၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ဆေးရုံတွင်တက်ရောက် ကုသသူတိုး တက်လာမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုတို့မှ ၀င်ငွေတိုးတက်လာခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ပန်းလှိုင်စီလုံဆေးရုံသည် ဓာတ်မှန်ရိုက်ခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (အာလ်ထရာဆောင်းရိုက်ခြင်း) တို့မှ ၀င်ငွေ ၄၈ ဒသမ ၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး ဆေးဝါးရောင်း ချမှုဝင်ငွေမှာလည်း ၃၄ ဒသမ ၁ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။

Credit To >>> Eleven Media Group



0 comments:

Post a Comment