6.12.16

မြန်မာသစ်ရောင်းဝယ်သော ကုမ္ပဏီကို အီးယူ သစ်စည်းကမ်းဖြင့် အရေးယူခဲ့သော်လည်း တိုက်ရိုက်မှာယူမှု တန်ချိန် ၃,၅၀၀ ခန့်ရှိ

မြန်မာမှ သစ်ဝယ်ယူရာတွင် ဥရောပသမဂ္ဂ သစ်တင်ပို့မှု စည်းမျဉ်းစည်းကမ်းများ နှင့် မကိုက်ညီ၍ ဆွီဒင်နိုင်ငံက ပြည်ပသစ်ကုန်သည်တစ်ဦးအား အရေးယူခဲ့သော်လည်း မြန်မာ သစ်တိုက်ရိုက်မှာယူမှုသည် သစ်တန်ချိန် သုံးထောင့်ငါးရာခန့်ရှိ ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သတင်းရရှိသည်။

ဥရောပနိုင်ငံများက တောင်း ဆိုထားသည့် ဖလပ်ဒီလုပ်ငန်းစဉ် ကို ဆောင်ရွက်နေစဉ်ကာလအ တွင်း မြန်မာနိုင်ငံမှ သစ်မှာယူမှု သည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ်တန်ချိန် ၂၄၇၂ ဒသမ ၁၉၈၀၊ သစ်မာသစ် ၁၆၉ ဒသမ ၃၄၈၄ တန်၊ အခြားသစ် ၈၁၀ ဒသမ ၈၅၇၀ တန် တိုက်ရိုက် မှာယူခဲ့သည်။

ဥရောပနိုင်ငံအခြေစိုက်ကုမ္ပ ဏီပေါင်း ၂၇ ခုက မြန်မာ့သစ် လုပ်ငန်းထံ တိုက်ရိုက်မှာယူခဲ့ခြင်း ဖြစ်ပြီး မည်သည့်နိုင်ငံများသို့ တင် ပို့၍ မည်သည့်ကုမ္ပဏီများအား ရောင်းချခဲ့သည်ကို မြန်မာ့သစ် လုပ်ငန်းက ထုတ်ပြန်ခြင်းမရှိပေ။

ထိုသို့ထုတ်ပြန်ထားခြင်းမရှိ သော်လည်း မြန်မာသစ်များ ရောင်းဝယ်ဖောက်ကားမှုနှင့်လန် ဒန်အခြေစိုက်သဘာဝပတ်ဝန်း ကျင်ဆန်းစစ်မှုအဖွဲ့ EIA က အ ရေးယူပေးရန် ဥရောပကော်မရှင် သို့ တိုင်ကြားထားသည့် ကုမ္ပဏီ များပါဝင်မှုမရှိကြောင်း သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦး မျိုးမင်းက တုံ့ပြန်ပြောကြားသည်။

မြန်မာ့သစ်လုပ်ငန်းရှင်အ သင်းမှ ရရှိခဲ့သည့်သတင်းများအ ရ ၂၀၁၃ နှင့် ၂၀၁၄ အတွင်း ဥ ရောပနိုင်ငံများကို သစ်တင်ပို့မှု သည် ၂ နှစ်အတွင်း သစ်တန်ချိန် သုံးရာခန့် တင်ပို့နိုင်ခဲ့သည်ဟု သိရှိရသည်။ မြန်မာသစ်တင်ပို့မှုများ ကို အချိန်ကြာမြင့်စွာ ပိတ်ဆို့အ ရေးယူပြီးများ ဖြေလျှော့ပြီးနောက် ဥရောပနိုင်ငံများက ၂ နှစ်ဆက် တိုက်ဝယ်ယူခဲ့သော သစ်များဖြစ် သည်။ မြန်မာ့သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် သဘာဝပတ်ဝန်း ကျင်နှင့်လျော်ညီမှုမရှိခြင်း၊ လူ့အ ခွင့်အရေးချိုးဖောက်မှုနှင့်အကျင့် ပျက်ခြစားမှုတို့ကြောင့် အမေရိ ကန်နိုင်ငံနည်းတူ မြန်မာသစ်တင် ပို့မှုကို ဥရောပနိုင်ငံများက အချိန် ကြာမြင့်စွာ အရေးယူပိတ်ဆို့ခဲ့ သည်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် နိုင်ငံရေးအ ပြောင်းအလဲကြောင့် မြန်မာသစ် များတင်ပို့ရန် လုပ်ငန်းရှင်များ အား စတင်ကမ်းလှမ်းခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီပြီး လူ့ အခွင့်အရေးချိုးဖောက်မှုမရှိခြင်း တို့ကို ထောက်ခံပေးမည့် သစ် တောထောက်ခံချက်များဖြင့် မြန် မာသစ်များတင်ပို့မှုကို ၂၀၁၂ နှစ် လယ်ပိုင်းတွင် ပြန်လည်လက်ခံခဲ့ သည်။

မြန်မာနိုင်ငံက ထုတ်လုပ် သော သစ်အချောထည်ပစ္စည်း များနှင့် ကုန်ကြမ်းသစ်များကို အာရှနိုင်ငံများက ဝယ်ယူကြ သည်။ မြန်မာသစ်များကို အာရှ နိုင်ငံများမှ တစ်ဆင့် ဥရောပနိုင် ငံများသို့ တင်ပို့မှုများရှိသော် လည်း ယင်းမှာ တရားမဝင်နည်း လမ်းဖြင့်သာ ဝင်ရောက်နေခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်လက် ထက်တွင် မြန်မာသစ်တင်ပို့မှုကို ဥရောပစည်းမျဉ်းစည်းကမ်းများ နှင့်အညီ လုပ်ဆောင်ရန် ဥရောပ နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ သည်။

တရားမဝင် သစ်များတင်ပို့ မှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂသစ် ကုန်သွယ်မှုစာရင်းတွင် ကမ္ဘာသို့ မြန်မာနိုင်ငံ၏ သစ်တင်ပို့မှုသည် ၁၃ နှစ်တာကာလအတွင်း ၂၂ သန်းကျော် ရောက်ရှိခဲ့သော် လည်း ၁၆သန်းခန့် မှာ တရားမဝင် နည်းလမ်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဗြိတိန်အခြေစိုက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ် ဆေးရေးအဖွဲ့(EIA)၏ ၂၀၁၃ နှစ်ကုန်အစီရင်ခံစာတွင် ဖော်ပြထားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment