6.12.16

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ကြေညာချက်နှင့် လက်တွေ့လုပ်ဆောင်ချက် ကိုက်ညီရန်လိုကြောင်း သမ္မတရုံးတာဝန်ရှိသူ ဦးဇော်ဌေးပြောကြား

 မြောက်ပိုင်းမဟာမိတ် အဖွဲ့များ ၎င်းတို့၏ ကြေညာချက် နှင့် လက်တွေ့လုပ်ဆောင်ချက် များ ကိုက်ညီရန် လိုအပ်သည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် KIA၊ TNLA၊ MNDAA နှင့် AA လက်နက်ကိုင် လေးဖွဲ့သည် စစ်မှန်ပြီး မျှတသည့် နိုင်ငံရေးဆွေးနွေးမှုအတွက် စစ်ရပ်စဲရန် အဆင်သင့်ဖြစ်ကြောင်း ဒီဇင်ဘာ ၄ရက်က ပူးပေါင်း ထုတ်ပြန်ကြေညာခဲ့ရာ ဦးဇော်ဌေးက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။
‘‘ကြေညာချက်နဲ့ လုပ် ဆောင်ချက်နဲ့ ကိုက်ဖို့လိုတယ်။ လက်တွေ့သွားညှိလာပြီ။ တရုတ် မှာ။ အဲဒီမှာ ညှိလာတဲ့ အဖြေက ကြေညာထားတဲ့အတိုင်းဟုတ်၊ မဟုတ် မေးခွန်းပြန်ထုတ်ရမယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ် အစိုးရ၏ ကြားဝင်ဆောင်ရွက် ပေးမှုဖြင့် ကော်မရှင်နှင့် KIA၊ TNLA၊ MNDAAနှင့် AA တို့ ဒီဇင် ဘာ ၂ ရက်က ကူမင်းမြို့၌ တွေ့ ဆုံရန် စီစဉ်ခဲ့သော်လည်း ပျက် ပြယ်ခဲ့သည်။ ငြိမ်းချမ်းရေးကော် မရှင်က ကော်မရှင်နှင့် TNLA၊MNDAAနှင့် AA လက်နက်ကိုင်သုံးဖွဲ့၊ ကော်မရှင်နှင့် KIO/KIA စသည့်ပုံစံမျိုးဖြင့် ဆွေးနွေးရန် သဘောထားရှိသော်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ က ကော်မရှင်နှင့် KIA၊ TNLA၊ MNDAA နှင့် AA တို့ လေးဖွဲ့ပေါင်း ၍ တစ်ပြိုင်တည်းတွေ့ဆုံရန် သဘောထားရှိခဲ့သည့်အပေါ် ညှိ နှိုင်းမရ၍ တွေ့ဆုံပွဲ ပျက်ပြယ်ခဲ့ ခြင်းဖြစ်သည်။
မြောက်ပိုင်းတွင် လေးဖွဲ့ ပေါင်း၍ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့်အပေါ် သုံး ဖွဲ့နှင့် တွေ့ဆုံခြင်းထက် လေးဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံမှသာ ပိုပြီးပြည့်စုံမည် ဖြစ်ကြောင်း၊ ကူမင်းဆွေးနွေးပွဲ ပျက်ပြယ်ခဲ့သော်လည်း ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးရန် လိုအပ်၍ ငြိမ်းချမ်းရေးကော်မရှင် က တွေ့ဆုံမည်ဆိုပါက တွေ့ဆုံ ဆွေးနွေးရန် အဆင်သင့်ရှိ ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးလို ကြောင်း TNLA အထွေထွေအ တွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေ သော နေရာများသည် မြန်မာ- တရုတ်နယ်စပ်ဒေသတွင် အများ ဆုံးဖြစ်ပွားနေ၍ တိုက်ပွဲများ ချုပ် ငြိမ်းရေးနှင့် နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးအတွက် တရုတ် နိုင်ငံအနေဖြင့် အမြန်ဆုံးကြားဝင် စေ့စပ်ညှိနှိုင်းပေးရန် လက်နက် ကိုင်လေးဖွဲ့က တောင်းဆိုခဲ့ သည်။
‘‘ကျွန်တော်တို့ဘက်က တော့ ငြိမ်းချမ်းရေးကော်မရှင်က တော့ နဂိုမူဝါဒအတိုင်းပဲ။ စေ့စပ် ညှိနှိုင်းမှုတွေ ပေးထားတဲ့ မူဝါဒ အတိုင်းဆက်ပြီးတော့ ကြိုးစားပြီး လုပ်မှာပါ’’ဟု လက်နက်ကိုင် လေးဖွဲ့၏ ထုတ်ပြန်ကြေညာမှု နှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦး လှမောင်ရွှေက ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ အခြေ အနေသည် ပြည်တွင်း၌ဖြစ်ပွားနေသော ပြဿနာများကို အကြောင်းပြုပြီး နိုင်ငံတကာအ သိုင်းအ၀ိုင်းက ဖိအားပေးမှု၊ ပြစ်တင်မှု၊ ဝေဖန်ရှုတ်ချမှုခံနေရ ကြောင်း၊ အစိုးရအနေဖြင့် တတ်နိုင်သမျှ ထိန်းသိမ်း၍ တုံ့ပြန်နေရကြောင်း သမ္မတရုံးဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။
‘‘ကျွန်တော်တို့နိုင်ငံက အခု ထိ မညီညွတ်သေးဘူး။ မညီညွတ်သေးတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ နိုင်ငံဖြစ်နေတယ်။ ဗိုလ် ချုပ်အောင်ဆန်းမိန့်ခွန်းထဲမှာ ပါ တယ်။ အမျိုးသားညီညွတ်ရေးမရ သမျှ တိုင်းရင်းသားညီညွတ်ရေး မရသမျှ ကျွန်တော်တို့နိုင်ငံဟာ ဟိုလူလာလည်း အောက်ကျို့၊ ဒီလူလာလည်း အောက်ကျို့ အဲဒီ လိုနိုင်ငံဖြစ်နေမယ်လို့ ပြောခဲ့ တယ်။ ပြောခဲ့တဲ့အတိုင်းပဲ။ အခု လက်ရှိအနေအထားက ငြိမ်းချမ်း ရေးက မရဘူး။ အရှေ့မြောက် ပိုင်းမှာ ချတယ်။ ဟိုအဖွဲ့က ချ လိုက်၊ဒီအဖွဲ့က ချလိုက် ချနေ တာပဲ။ အဲဒါနှစ်ပေါင်း ခြောက် ဆယ်ကျော်ပြီ’’ဟု ဦးဇော်ဌေးက ပြောသည်။
အခြားနိုင်ငံများသည် ညီညီ ညွတ်ညွတ်လုပ်ကိုင်သွား၍ တိုး တက်မှုများရနေကြောင်း၊ မြန်မာ ပြည်သူများအနေဖြင့် မလေးရှား၊အင်ဒိုနီးရှား၊ ထိုင်းနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်၍ အခြားသူများ မလုပ် ချင်သည့် အလုပ်ကြမ်းများကို လုပ်ကိုင်နေရကြောင်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးမရသည့်၊ နိုင် ငံရေးမတည်ငြိမ်သည့် နိုင်ငံကို မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမ မျှလာရောက်ချင်မည်မဟုတ် ကြောင်း၊ ထို့ကြောင့် တိုင်းပြည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နေ သည့် ၂၁ ရာစုပင်လုံညီလာခံလမ်း ကြောင်းကို လက်နက်ကိုင်အဖွဲ့
အစည်းများအားလုံး လျှောက်လှမ်းရန်လိုကြောင်း ဦးဇော်ဌေးက ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေး ပါက နိုင်ငံရေးဆွေးနွေးပွဲတွင် ပါ ၀င်ခွင့်ရမည်မဟုတ်ကြောင်း ထို့ ကြောင့်ပင် NCA မရေးထိုးရသေး သည့်အဖွဲ့များ ပါဝင်လာရေးကို တံခါးဖွင့်ထားကြောင်းနှင့် ဆက် လက်ညှိနှိုင်းမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment