6.12.16

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းခရီးသည် အဆောက်အအုံသစ်ဖွင့်လှစ်

ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၏ ပြည်တွင်းခရီး သည် လေဆိပ်အဆောက်အအုံ သစ် (New Domestic Terminal 3) ကို ဒီဇင်ဘာ ၅ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက် ကစ၍ ပြည်တွင်းလေကြောင်း လိုင်းများအားလုံးကို အဆိုပါအ ဆောင်သစ်သို့ ပြောင်းရွှေ့ဝန် ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘Domestics ဆိုပေမယ့် International လောက်ကို ကောင်းပါတယ်။ ဒီစီမံကိန်းမှာ အစိုးရဘတ်ဂျက်မပါဘူး။ YACL ကုမ္ပဏီကပဲ အကုန်အကျခံတည် ဆောက်တာပါ။ လက်ရှိအသုံးပြု နေတဲ့ ပြည်တွင်းခရီးသည်လေ ဆိပ် အဆောက်အအုံကို ဒီလအ တွင်းမှာ နိုင်ငံတကာလေဆိပ်တွေ ဖြစ်တဲ့ Terminal 1 နဲ့ Terminal 2 တွေကို ဆက်စပ်ပေးတဲ့ အ ဆောက်အအုံအဖြစ် ဆောက်လုပ်သွားမှာပါ’’ဟု လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲ ထွဋ်အောင်က ပြောသည်။

အဆိုပါ အဆောက်အအုံ သစ်တွင် ပြည်တွင်းလေကြောင်း လိုင်းများအားလုံး ဒီဇင်ဘာ ၉ ရက်ကစ၍ ပြောင်းရွှေ့ဝန်ဆောင် မှုပေးမည်ဖြစ်ပြီး လက်ရှိအသုံးပြု နေသော ပြည်တွင်းခရီးသည်လေ ဆိပ်အဆောက်အအုံကို ဖျက် သိမ်း၍ နိုင်ငံတကာလေဆိပ် Terminal 1 နှင့် Terminal 2 ကို ဆက်စပ်ပေးသည့် အဆောက်အ အုံအဖြစ် YACL ကုမ္ပဏီက ပြောင်း လဲဆောက်လုပ်မည်ဖြစ်သည်။

ပြည်တွင်းခရီးသည် အ ဆောက်အအုံ၏ ဧရိယာမှာ အ လျားမီတာ ၂၆၀ နှင့် အနံ မီတာ ၆၀ ကျယ်ဝန်းကာ Check-in ကောင်တာ ၃၈ ခု၊ Aerobridge လေးခုနှင့် Remote Gate နှစ်ခု ပါရှိပြီး ၂၀၁၅ အောက်တိုဘာမှစ၍ YACL ကုမ္ပဏီက တည် ဆောက်ခဲ့ရာ ၁၅ လအကြာတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

‘‘ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ ရဲ့ စီးပွားရေးမြို့တော်ကြီးဖြစ် သလို ကုန်စည်စီးဆင်းမှု၊ နိုင်ငံ ခြားဧည့်သည် ခရီးသွားလာသူ များ၊ ပြည်တွင်းခရီးသွားလာသူ များနဲ့ အမြဲတမ်းစည်ကားနေတဲ့ ဂိတ်ဝေးရဲ့အစပဲ ဖြစ်ပါတယ်။ရန်ကုန်ဟာ ရေကြောင်း၊ လေကြောင်း လမ်းတွေရဲ့ အစနေရာ မှာ တည်ရှိပါတယ်။ ဒီအတွက် ခရီးသွားလုပ်ငန်းတွေ တိုးတက်လာဖို့ ကုန်စည်စီးဆင်းမှုတွေ တိုးတက်မှန်ကန်နိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအ တွက် လေဆိပ်ဟာ အလွန်အဆမတန် အရေးကြီးပါတယ်’’ ဟု အဆိုပါလေဆိပ်အဆောက်အအုံသစ်ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့် သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပ လေကြောင်းလိုင်း ၂၉ လိုင်းနှင့် ပြည်တွင်းလေကြောင်းလိုင်း ကိုး လိုင်းတို့က ဝန်ဆောင်မှုပေးနေပြီး ပြည်တွင်းခရီးသည်လေဆိပ် အ ဆောက်အအုံ၌ နေ့စဉ်ပြည်ပ ခရီးသည်ခြောက်ထောင်ခန့်နှင့် ပြည်တွင်းခရီးသည် ခြောက်ထောင်ခန့် အသုံးပြုလျက်ရှိကြောင်း သိရ သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၁၉၅၂ က စတင် တည်ဆောက်ခဲ့ပြီး ၁၉၅၇ ဇန်နဝါ ရီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင် တိုးချဲ့မှုတစ်ကြိမ်နှင့် ၂၀၀၄ ၌ တိုးချဲ့မှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၅ မတ်လ ၁၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ခရီးသည်ဆောင် အဆောက်အအုံ သစ် Terminal 1 ကို ဖွင့်လှစ်ပေး ခဲ့သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment