7.12.16

မိုင်းတုံစီမံကိန်းအတွက် တရုတ်ဘဏ်တစ်ခုက အမေရိကန်ဒေါ်လာ သန်း ၁၁၀ ထုတ်ချေးမှုကို အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်

China Exim ဘဏ် သည် တရုတ်နိုင်ငံက ချမှတ်ထား သည့် အစိမ်းရောင်ချေးငွေလမ်း ညွှန်ချက်များကို ကျော်လွန်၍ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် China Gez−houba Group အား အမေရိကန် ဒေါ်လာ သန်း ၁၁၀ ထုတ်ချေးမှု ကို မြန်မာနိုင်ငံအခြေစိုက် အရပ် ဘက်အဖွဲ့အစည်း ၂၇ ခုက စစ် ဆေးတွေ့ရှိကြောင်း ကြေညာ ချက်ထုတ်ပြန်သည်။

မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းအား ငွေကြေးပံ့ပိုးမှုရပ်တန့် ခြင်းနှင့်ပယ်ဖျက်ခြင်းများ ဆောင် ရွက်ပေးရန် အဆိုပါအဖွဲ့အစည်း ၂၇ ခုက တောင်းဆိုထားသည်။

ပြင်းထန်သော နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ရေးဆုံးရှုံးနိုင်ခြေအန္တရာယ်များ ရှိ နေသဖြင့် အစိမ်းရောင်ချေးငွေ လမ်းညွှန်ချက်များ၏ အခြေခံမူ များနှင့် ကိုက်ညီမှုမရှိ၍ Chian Exim ဘဏ်၏ ငွေထုတ်ချေးမှုကို လည်း တစ်ပြိုင်နက် ကန့်ကွက် ကြောင်း ဒီဇင်ဘာ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။တရုတ်ဘဏ် စည်းကမ်း ထိန်းသိမ်းရေး ကော်မရှင်က ထုတ်ဝေထားသော အစိမ်းရောင် ချေးငွေလမ်းညွှန်ချက်တွင် သဘာ ၀ပတ်ဝန်းကျင် ထိခိုက်စေသော စီမံကိန်းများ၊ အများပြည်သူနှင့် ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်မှု မရှိသည့်သည့် စိမံကိန်းများနှင့် သင့်တင့် လျော်ကန်သော နိုင်ငံ တကာ အလေ့အထများ၊ နိုင်ငံတ ကာစံနှုန်းများအား မလိုက်နာ သည့် နိုင်ငံရပ်ခြားစီမံကိန်းများ အား ငွေမထုတ်ပေးသင့်ကြောင်း ပြဋ္ဌာန်းထားသည်။

မိုင်းတုံဆည်စီမံကိန်းကြောင့် ဒေသခံ အမြောက်အမြား ပြောင်း ရွှေ့ရပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိသဖြင့် အ စိမ်းရောင် နာမည်တပ်ရမည့် စီမံ ကိန်းမဟုတ်ကြောင်း အထက်ပါ အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။ ၀ါရှင်တန်ပြည်နယ် တက္က သိုလ်မှ သုတေသနပညာရှင်များ ၏ သုတေသနများအပါအ၀င် မ ကြာမီက သုတေသနတွေ့ရှိချက် များအရ ဆည်များ၊ ရေကာတာ များမှ မီသိန်းဓာတ်ငွေ့ထုတ်လွှတ် မှု များပြားသည်ကို တွေ့ရှိထား ကြောင်း စီမံကိန်းအား ရပ်ဆိုင်း ပေးရန်လည်း အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထား သည်။

အဆိုပါစီမံကိန်းကို ဒေသခံ များ မလိုလားသည့် စီမံကိန်းဖြစ် ပြီး စီမံကိန်းစတင်သည့် ၁၉၉၆ တွင် ဒေသခံ သုံးသိန်းကျော်သည် အဓမ္မအင်အားသုံး ပြောင်းရွှေ့ခံခဲ့ ရသည်။ ယင်းသို့ ဆယ်နှစ်ကျော် ကာလက အဓမ္မအင်အားသုံး ရွှေ့ ပြောင်းခံခဲ့ရသူများက ယခုအချိန် အထိ ကန့်ကွက်နေဆဲဖြစ်ပြီး နေရပ်ပြန် အခြေချရေးအတွက် လည်း ကြိုးပမ်းနေကြသည်။

နိုင်ငံရေး တည်ငြိမ်မှုမရှိခြင်း နှင့် ငြိမ်းချမ်းရေး မရှိခြင်းတို့ ကြောင့် နေရပ်ပြန်လည် အခြေချ မှုကို တွန့်ဆုတ်နေကြသောအခြေ အနေတွင် သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ကို ထိခိုက်စေမည့် စီမံကိန်းများ လက်ခံဆောင်ရွက် နေသော အစိုးရအား စီမံကိန်းရပ် ဆိုင်းပေးရန် ဒေသခံများက အ ကြိမ်ကြိမ်တောင်းဆိုထားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment