7.12.16

"လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိ "

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော
လေဖိအားနည်းရပ်ဝန်းသည် ယနေ့ (ဒီဇင်ဘာ ၇ ရက် )နံနက် အစောပိုင်းမှ စကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ကမ်းရိုးတန်းဒေသများ လေပြင်း အန္တရာယ် သတိပြုရန် မိုး/ဇလက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၄ ရက်မှ စကာ လေဖိအားနည်းရပ်ဝန်းဖြစ်ခဲ့ပြီး ယနေ့(ဒီဇင်ဘာလ ၇ ရက်)တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယနေ့မှစ၍ နောက် ၂ ၇က်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် (၃၅)မိုင်အထိ လေပြင်းတိုက်တိုက်ခတ်နိုင်ပြီး ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်လိုကြောင်း ပင်လယ်ပြင်သတိပေးချက် ထုတ်ပြန်ထားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment