7.12.16

အမုန်းပွားစေတဲ့Hate Speechတွေကို ဖယ်ရှားပေးဖို့နဲ့ မလုပ်ဆောင်ပါက ထိရောက်စွာ အရေးယူတော့မည်ဟု အီးယူက Facebook ကိုပြော

အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Facebook ၊ Twitter ၊ Microsoft နဲ့ Google ရဲ့ YouTube တို့အနေနဲ့ လက်ရှိပေါ်ပေါက်နေတဲ့ အွန်လိုင်းပေါ်က အမုန်းစကားပြဿနာကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကိုငတွယ်ဖြေရှင်းပေးဖို့ လိုနေပြီဖြစ်ကြောင်းနဲ့ မကိုင်တွယ်နိုင်ရင်တော့ အရေးယူခံရနိုင်တယ်လို့ ဥရောပကော်မရှင်က တိပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကတော့ အထက်ပါ အမေရိကန် နည်းပညာကုမ္ပဏီလေးခုအနေနဲ့ အီးယူရဲ့ ကော်မရှင်တစ်ခုနဲ့ ပူးပေါင်းပြီး ၎င်းတို့ရဲ့ပလက်ဖောင်းတွေပေါ်ကနေ အမုန်းစကားတွေကို ဖယ်ရှားနိုင်ရေး စည်းမျဉ်းတစ်ခုရေးဆွဲဖော်ဆောင်ထားခဲ့ကြပါတယ်။

ယင်းမှာတော့ ပလက်ဖောင်းတွေပေါ်မှာ သံသယရှိ အမုန်းစကားတွေကို ၂၄ နာရီအတွင်း စောင့်ကြည့်ပြီး ဖယ်ရှားတာမျိုး လုပ်ဆောင်ရမယ်လို့ ပါရှိပါတယ်။

ဒါပေမယ့်လည်း ခြောက်လကြာလာတဲ့အထိ ကုမ္ပဏီတွေဘက်က တိုးတက်မှုတစ်စုံတစ်ရာ ပြသနိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

“ လက်တွေ့မှာတော့ ကုမ္ပဏီတွေဘက်က တုန့်ဆိုင်းလွန်းပါတယ်၊ချမှတ်ထားတဲ့ ရည်မှန်းချက်ကို ထိရောက်အောင် မစွမ်းဆောင်နိုင်ပါဘူး” လို့ အီးယူတာဝန်ရှိသူတစ်ဦးက ပြောသွားခဲ့ပါတယ်။

အလားတူ ယခုလို လုပ်ဆောင်ပုံ ဆက်လက်နှေးကွေးနေဦးမယ်ဆိုရင်တော့ ယင်းအမေရိကန်ကုမ္ပဏီတွေကို ဖိအားပေးနိုင်မယ့် ဥပဒေသစ်တွေ ပြဌာန်းသွားရဖို့သာ ရှိနေတယ်လို့လည်း အီးယူကော်မရှင်က သတိပေးထုတ်ပြန်သွားခဲ့ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment