7.12.16

မလေးရှားကို လက်ပြကျောခိုင်းလိုသူ မြန်မာများလာဟုဆို

စိုးရိမ်ထိတ် လန့်မှုများကြောင့် မလေးရှားရောက် မြန် မာနို င်ငံသားများထဲတွင် နေ ရပ်ပြန်လိုသူများလာကြောင်း သိရ သည်။
ဘင်္ဂါလီအရေး မလေးရှား ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ဆန္ဒ ပြ ခဲ့ခြင်းကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများမှာ ဥပဒေ၏အ ကာအကွယ်ပေး မှုကင်းမဲ့နေသ လို ခံစားနေရသဖြင့် ပြန်လိုသူများ လာခြင်းဖြစ်ကြောင်း ကွာလာလမ် ပူမြို့တွင်နေထိုင်သူ ကိုစိုင်းသူက ဒီဇင်ဘာ ၆ ရက်တွင် ပြောသည်။
"ကျွန်တော့်သူငယ်ချင်း အ တော်များများဆိုလည်း ပြန်ချင်နေ ကြတယ်။ အခုက ညပိုင်းလည်းအ ပြင်မထွက်ရဲဘူး။ တစ်ယောက် တည်းဆိုရင်လည်း ဘယ်မှမသွား ရဲဘူး။ စောင့်ကြည့်တာခံနေရသ လိုပဲ။ ကောင်းတဲ့အခြေအနေ ထက် မကောင်းတဲ့အခြေအနေ ပိုဖြစ်ဖို့ များမယ်ထင်တယ်။ ပြီးတော့ အော် ပရာဇီ (တရားမ၀င်လုပ်သားစစ် ဆေးဖမ်းဆီးခြင်း)ဖမ်းတာပဲဖြစ် ဖြစ်၊ အခြားပြဿ နာ တစ်ခုခုဖြစ်မှာ ကိုလည်း စိုးရိမ်နေကြတယ် " ဟု ကိုစိုင်းသူက ဆိုသည်။
ယင်းနည်းတူ မလေးရှားနိုင် ငံ ပီနန်၊ ဘာတာဝပ်၊ ကွာလာလမ် ပူ၊ ဆာလာ ရန်း အစရှိသည့်နေရာ များမှ ၎င်းင်း၏သူငယ်ချင်းအချို့ သည်လည်း ပြန် ချင်နေကြကြောင်း ကိုစိုင်းသူက ဆက်လက်ပြောသည်။
"ကျွန်တော်တို့နေရာဆို အ ရင် ၂၀၁၃ ခုနှစ်တုန်းက မြန်မာ တွေ အသတ်ခံရမှု အများကြီးဖြစ်ခဲ့ တယ်။ အခုထိ လက်သည်မပေါ်ခဲ့ ဘူး။ အခုလိုအခြေအနေမှာ ၂၀၁၃ တုန်းကလိုပြန်ဖြစ်မှာတော့ အရမ်း စိုးရိမ်မိတယ်။ ကိုယ့်နိုင်ငံကိုပြန် ချင်တယ်။ ကျွန်တော်က အိုသမား (အထောက်အထားမဲ့)ဖြစ်နေတော့ ပြန်ဖို့ခက်တယ်။ အခု သံရုံးမှာ တော့ CI လျှောက်ထားတယ်။ အချက် အလက်မစုံသေးလို့တဲ့ မရ သေးဘူး" ဟု ဆာလာရန်းတွင်နေ ထိုင်အလုပ်လုပ်ကိုင်သူ ကိုစိုးနိုင် က ပြောသည်။
သံရုံးအနေဖြင့် မြန်မာနိုင်ငံ သားများ မြန်မာနိုင်ငံသို့ပြန်နိုင်ရေး အတွက် C of I (မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံ လက်မှတ်)များ ကို အထောက် အထားပြည့်စုံသူများ အား နေ့ချင်းပြီးဆောင်ရွက်ပေး နေကြောင်း ဒီဇင်ဘာ ၅ ရက်က ကြေညာချက်ထုတ်ပြန်ထားသည်။
" ဒီရက်ပိုင်းမှာ C of I ထုတ် ပေးတာကတော့ အရမ်းကြီးသိသိ သာသာ အများကြီးတော့မဟုတ်ပါ ဘူး။ ပုံမှန်လူဦးရေ ၅၀ နဲ့ ၁၀၀ ကြားတော့ရှိတယ်။ C of I က အခ မဲ့ထုတ်ပေးတာပါ။ တချို့က C of I ထုတ်ပေးတာကို ရပ်လိုက်ပြီလို့ ကြားလို့ မေးလာ တာတွေရှိတဲ့အ တွက် မရပ်ပါဘူးဆို တာကိုသိအောင် ကြေညာချက်ထုတ်ပေးတာပါ " ဟု မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံ ရုံးမှ သံအရာရှိတစ်ဦးက ပြော သည်။
C of I ရရှိသူများအနေဖြင့် မလေးရှားလ၀ကဒဏ်ကြေး၊ လေ ယာဉ်လက် မှတ်ဖိုးနှင့် OSC သို့ ၀န်ဆောင်ခငွေများပေးသွင်းကာ ခုနစ်ရက်နှင့် အများဆုံး ၁၀ ရက် အကြာတွင်ပြန်နိုင်ကြောင်း မလေး ရှားရောက် မြန်မာတို့ထံမှသိရ သည်။
ဒီဇင်ဘာ ၄ ရက်တွင် မလေး ရှားနိုင်ငံ၌ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကိုယ်တိုင် ဦးဆောင် ပါဝင်ကာ မြန်မာနိုင်ငံ ရခိုင်ပြည် နယ်အတွင်း အကြမ်းဖက်တိုက်ခိုက် မှုများနှိမ်နင်းခြင်းနှင့်ပတ်သက်၍ ဆန္ဒပြခြင်း၊ မြန်မာနိုင်ငံတော်အလံ ကိုမီးရှို့ခြင်း၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ရုပ်ပုံကို မီးရှို့ခြင်းလုပ်ရပ်များ ကို ပြုလုပ်ခဲ့သည်။

Credit To >>> Democracy Today

0 comments:

Post a Comment