8.12.16

မြောက်ဦးမြို့သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လေ့လာမှုများပြား

ရခိုင်ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားစေတီပုထိုးများ၊ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်လက်ရာများ၊ သဘာဝအလှရှုခင်းများ ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို လေ့လာနိုင်ရန် မြောက်ဦးမြို့သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ မြောက်ဦးမြို့သို့ လာရောက် လည်ပတ်မှု များပြားလျက်ရှိသည်။

ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာ ရခိုင် အနုပညာဗိသုကာလက်ရာများကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လေ့လာမှုများပြားလျက်ရှိသည်။

မြောက်ဦးမြို့သို့ လာရောက်လည်ပတ်လျက်ရှိသော နိုင်ငံခြားသားများက မြောက်ဦးမြို့သို့ လာရောက်လည် ပတ်ရသည့်အတွက် အလွန်ပျော်ရွှင်ကျေနပ်မိကြောင်း၊ ရှေးဟောင်း ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များ၊ ရခိုင်အနုပညာ ဗိသုကာလက်ရာများကို အနီးကပ်မြင်ရတော့ များစွာအံ့သြမိကြောင်း ပြောသည်။

မြောက်ဦးမြို့သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်လေ့လာမှုသည် တစ်နှစ်ထက်တစ်နှစ်များပြားလျက်ရှိကြောင်း သိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment