8.12.16

မြ၀တီ နယ်စပ်ကုန်သွယ်ရေး လစဉ်​ မြင့်​တက်​လာ​သော်​လည်း တာချီလိတ်​၊ ​ကော့​သောင်းနယ်​စပ်​စခန်းတို့မှာ ယခင်​နှစ် ​ကာလတူထက်​ လျော့ကျ​နေ​ကြောင်း သိရ

မြန်​မာ-ထိုင်း နယ်​စပ်​တ​စ်လျှောက်​ရှိ ကုန်​သွယ်​​ရေးစခန်းများအနက်​ မြ၀တီနယ်​စပ်​စခန်းမှ ကုန်​သွယ်​မှု အများဆုံးဖြစ်​ကာ လစဉ်​ မြင့်​တက်​လာ​သော်​လည်း တာချီလိတ်၊​ ကော့​သောင်းနယ်​စပ်​စခန်းတို့ မှာ ယခင်​နှစ်​ ကာလတူထက်​ပင်​ ​လျော့ကျ​နေ​ကြောင်း သိရသည်​။

မြ၀တီနယ်​စပ် ​ကုန်​သွယ်​​ရေးစခန်းမှ လစဉ် ဒေါ်လာ သန်း ၇၀ ကျော်​ဖိုး ကုန်​သွယ်​မှု ပြုလုပ်​လျက်​​ရှိ​သော်​လည်း ​မော​တောင်​​ နယ်​စပ်​ကုန်​သွယ်​​ရေးစခန်းမှ တစ်​လလျှင်​ ​ဒေါ်လာတစ်သန်းပင်​ ပြည့်​မီ​အောင်​ ကုန်​သွယ်​နိုင်​ခြင်း မရှိဘဲ ဧပြီလမှ နိုဝင်ဘာလအထိ ​ဒေါ်လာ ၁ ဒသမ ၆၃၃ သန်းသာ ကုန်​သွယ်​နိုင်​ခဲ့​ကြောင်း သိရသည်​။
ထို့ပြင်​ ထိုင်းနိုင်​ငံနှင့်​ ထိစပ်​​နေ​သော နယ်​စပ်​စခန်းများအနက်​ မြ၀တီ ၊ မြိတ်​၊ နဘု​လယ်၊ မော​တောင်​ နယ်​စပ်​စခန်းတို့မှာ ယခင်​နှစ်​ ကာလတူထက်​ ပိုမို ကုန်​သွယ်​ထား​သော်​လည်း တာချီလိတ်​၊ ​ကော့​သောင်းနယ်​စပ်​ စခန်းတို့မှာ ယခင်​နှစ်​ ကာလတူထက်​ ကုန်​သွယ်​မှု​ လျော့ကျ​နေဆဲဖြစ်​​ကြောင်း သိရသည်။
မြ၀တီနယ်​စပ်​စခန်းမှ ရှစ်လတာအတွင်း ထိုင်းနိုင်​ငံဘက်​သို့ တင်​ပို့ကုန်​ပမာဏမှာ ဒေါ်လာ ၃၅ ဒသမ ၉၅၃ သန်းသာ တင်​ပို့နိုင်​ခဲ့​သော်​လည်း မြန်​မာနိုင်​ငံဘက်​သို့ တင်​သွင်းသည့်​ ထိုင်းကုန်​ပစ္စည်းများမှာ ​​ဒေါ်လာ ၅၃၂ ဒသမ ၇၉၃ သန်းဖိုး တင်​သွင်းထားပြီး စုစု​ပေါင်း ကုန်​သွယ်​မှုမှာ​ ဒေါ်လာ ၆၅၈ ဒသမ ၇၄၆ သန်း ကုန်​သွယ်​နိုင်​ခဲ့သည့်​အတွက်​ ယခင်​နှစ်​ကာလတူထက်​ ဒေါ်လာ ၁၃၃ ဒသမ ၉၃၀ သန်း ပိုမို ကုန်​သွယ်​နိုင်​ခဲ့သည်​။
မြ၀တီနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံထုတ် လယ်ယာသုံးပစ္စည်းများ၊ စက်ယန္တရားများ၊ စပါးခြွေလှေ့စက်၊ လယ်ထွန်စက်များ၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ အိမ်သုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဘိလပ်မြေ၊ ပလတ်စတစ် ကော်ပစ္စည်းများ၊ စားသုံးကုန်၊ အလှကုန်များ၊ အထည်အလိပ်များ၊ အ၀တ်အထည်၊ စက်သုံးဆီ၊ စားသုံးဆီများ၊ ဖုန်းများ တင်သွင်းနေကြသလို သကြားကို Re-export အဖြစ် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်​ငံသို့  လယ်ယာထွက် သီးနှံများ၊ ငရုတ်၊ ကြက်သွန်နှင့် ကြံများ၊ ပြောင်းနှင့် နှမ်းနက်​များ တင်​ပို့ခဲ့ပြီး  ရေထွက်ပစ္စည်း ငါးပုစွန်များ၊ ကဏန်းများ ပိုမိုတင်ပို့လျက် ရှိ​သော်​လည်း တရားမ၀င်​ ​သောင်​ရင်းဖြတ်​​ကျော်​ တင်​ပို့မှုက ပိုမိုများပြားသည်​ဟု သိရသည်။
သစ်​​တောထွက်​ပစ္စည်းများ ပြည်​ပသို့ တရားဝင်​ တင်​ပို့ခွင့်​ မရှိ​သော်​လည်း မြန်မာ့ကျွန်းသစ်​နှင့်​ ထုဆစ်​ထားသည့်​ မြန်​မာ့အနုပညာ လက်​ရာရုပ်​တုများမှာ​ သောင်​ရင်းမြစ်​ ကမ်းစပ်​ထိုင်းနိုင်​ငံဘက်​ရှိ ​ရေ​ပေါ်​ဈေးသို့ ​ညစ​ဉ်​ တင်​ပို့လျက်​ ရှိ​​ကြောင်း သောင်​ရင်းမြစ်​ကမ်းစပ်​​ နေသူများထံမှ သိရသည်​။
မြ၀တီနယ်စပ်မှ အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်စသည့် ပစ္စည်းများကိုလည်း လက်ရှိ တည်ဆဲဥပဒေအရ ပြည်တွင်း ဈေးကွက်သို့ တင်သွင်းခွင့် မရှိကြောင်း၊ သို့သော်လည်း ပြည်တွင်းဈေးကွက်သို့ ဘီယာချမ်း၊ ဆင်းဂါး စသည့် ဘီယာများ အလုံးအရင်းနှင့် ၀င်ရောက်လျက် ရှိသလို ထိုင်း​ကြက်​နှင့်​ ကြက်​ထွက်ပစ္စည်းများ  ​အေးခဲအသားများလည်း တင်​သွင်းလျက်ရှိ​ကြောင်း သိရသည်​။
 Credit To >>> Eleven Media Group

0 comments:

Post a Comment