23.12.16

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခွန်ကင်းလွတ်ခွင့်ရမည့် နေရာများ ၂၀၁၇ ဇန်န၀ါရီတွင် ထုတ်ပြန်မည်

မကြာမီ စတင်ကျင့်သုံး မည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အ ရ တိုင်းဒေသကြီးနှင့် ပြည်နယ်အ လိုက် အခွန်ကင်းလွတ်ဇုန်နေရာ များကို ၂၀၁၇ ဇန်န၀ါရီအတွင်း ထုတ်ပြန်မည်ဟု မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းရ ရှိသည်။

လက်ရှိတွင် အခွန်ကင်း လွတ်ခွင့် ဇုန်နေရာများ သတ်မှတ် မှုကို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဆုံးဖြတ်ပြီးဖြစ်၍ နိုင်ငံစီးပွားရေးကော်မရှင်မှတစ်ဆင့် ပြည်ထောင်စုအဆင့် ၀န်ကြီးအစည်းအဝေး၌ အတည်ပြုရယူတော့မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

‘‘လာမယ့် အပတ်ထဲမှာ စီး ပွားရေးကော်မရှင်ကို တင်ပြမယ်။ ကော်မရှင်က ဇုန်နဲ့ပတ်သက်တဲ့ အမှာစာထွက်လိမ့်မယ်။ ပြီးရင် ၀န်ကြီးအဆင့် အစည်းအဝေးမှာ အတည်ပြုမယ်။ ဒီလုပ်ငန်းစဉ် နှစ်ခု လုပ်ရမယ်။ ဒါကြောင့် ဇန်န ၀ါရီမကုန်ခင် ထုတ်ပြန်သွားဖို့ရှိပါ တယ်’’ဟု ဦးအောင်နိုင်ဦးကပြောသည်။ ယခုနှစ် အောက်တိုဘာအ တွင်း ပြဋ္ဌာန်းခဲ့သည့် ရင်းနှီးမြှုပ်နှံ မှုဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ရန် ဇုန်သုံးပိုင်းခွဲခြား သတ်မှတ်မည်ဖြစ်ပြီး ဇုန် (၁) သည် ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသ များဖြစ်ပြီး အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ် ရရှိမည်ဖြစ်သည်။ ဇုန် (၂)မှာ ဖွံ့ဖြိုးမှု အတော်အသင့်ရှိ သောဒေသများဖြစ်ကာ အခွန်ကင်းလွတ်ခွင့် ငါးနှစ်ဖြစ်ပြီး ဇုန်(၃)မှာ ဖွံ့ဖြိုးမှုကောင်းမွန်သောဒေသ များဖြစ်ပြီး အခွန်ကင်းလွတ်ခွင့် သုံးနှစ်ရရှိမည်ဖြစ်သည်။ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုများကို အခွန် ကင်းလွတ်ခွင့် တိုက်ရိုက်ပေးသည့်အစား မဖွံ့ဖြိုးသေးသည့် ဒေသများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဥပဒေ၌ ဆိုထားသည်။

ယခင်အစိုးရ လက်ထက် တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြား သား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဖျက်သိမ်းပြီး အောက်တိုဘာအတွင်း၌ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ကာ ထိုဥပဒေသစ်ကို ၂၀၁၇ ဇန်န၀ါရီ ၁ ရက်တွင် စတင်ကျင့်သုံးနိုင်မည်ဖြစ်သည်။

ထိုဥပဒေသစ်သည် လုပ် ငန်းရှင်များကို အခွင့်အလမ်း ပိုမို ပေးထားသဖြင့် အခြား ကန့်သတ် ချက် တစ်ခုဖြင့် ထိန်းချုပ်မည်ကို လုပ်ငန်းရှင်များက စိုးရိမ်နေ ကြောင်း စီးပွားရေးလုပ်ငန်းရှင်ဦးမြတ်သင်းအောင်က ပြောသည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ကျော်ခွင့်ပြုထားပြီး ထိုပမာဏ သည် ယခင်ကာလတူနှင့် နှိုင်း ယှဉ်ပါက အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော် လျော့နည်းနေ ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် မှ သိရသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment