12.12.16

တစ်ဦးချင်း ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှု ယခင်ဘဏ္ဍာနှစ်ထက် ကျပ်သန်း ၂၀၀ ခန့် ပိုမိုလာ

အစိုးရသစ်လက်ထက် တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ဖြင့် ကုန်သွယ်မှုကျပ် ၆ ဒသမ ၆ ဘီလီယံရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တစ်နှစ်လုံးထက် ကျပ်သန်း ၂၀၀ ခန့် ပိုခဲ့ကြောင်း စီးပွားနှင့် ကူသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နယ်စပ်ဂိတ်များ၌ ITC ကတ်ဖြင့် ကုန်သွယ်မှုကျပ် ၆ ဒသမ ၄ ဘီလီယံရှိပြီး ယခု အစိုးရသစ် လက်ထက် ရှစ်လတာ အတွင်း ပမာဏ မြင့်တက်လာခြင်းဖြစ် သည်။ အထက်ပါ ITC ကတ်ဖြင့် ကုန်သွယ်ရာတွင် သွင်းကုန်တန် ဖိုး ကျပ်ခြောက်ဘီလီယံ (ကျပ် သန်း ၆,၀၀၀)ဖြစ်ပြီး ပို့ကုန်တန်ဖိုး ကျပ်သန်း ၆၀၀ ခန့်ရှိကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ITC ကတ်ကို ကုန်သွယ် ရေးစခန်း  ၂၀ အနက် စခန်း ၁၆ ခုတွင် ကတ်ပေါင်း ၁၃၆ ကတ် ထုတ်ပေးထားပြီး အဆိုပါကတ်ကို အများဆုံးထုတ်ပေးသည့်စခန်းမှာ မြ၀တီနှင့် တာချီလိတ်နယ်စပ်စခန်းများဖြစ်သည်။
ITC ကတ်ဖြင့် မြ၀တီနယ် စပ်ဂိတ်သည် ကုန်သွယ်မှုအများ ဆုံးဖြစ်ပြီး ကျပ်ငွေ ၂ ဒသမ ၃ ဘီ လီယံတန်ဖိုး ကုန်သွယ်ထားကာ ဒုတိယအများဆုံးဂိတ်မှာ ကန်ပိုက် တီးဖြစ်ပြီး ကျပ် ၁ ဒသမ ၃ ဘီလီ ယံအထိ ကုန်သွယ်ထားသည်။ မောတောင်၊ မူဆယ်၊ တာချီလိတ် နယ်စပ်စခန်းများတွင် ကုန်သွယ် မှု ကျပ်ငါးဘီလီယံခန့် ရှိထား သည်။ ‘‘ဒီအတိုင်း မှောင်ခိုပို့ကြ သွင်းကြတာများတယ်။ တစ်နှစ် တစ်ခါ မှတ်ပုံတင်နေတာ ရှုပ် တော့ မှောင်ခိုလမ်းက သွင်းကြ တာများတယ်’’ဟု တမူးမြို့မှ ကုန် သည်တစ်ဦးကပြောသည်။
တစ်ဦးချင်းကုန်သွယ်မှုကတ် (ITC)ကို ၂၀၁၂ နိုဝင်ဘာတွင်စ တင်အသုံးပြုပြီး တစ်နှစ်သက် တမ်းအသုံးပြုနိုင်သည်။ ကတ်တစ် ခုလျှင် မှတ်ပုံတင်ကြေး ကျပ် ၅,၀၀၀ ပေးရပြီး သက်တမ်းတိုးပါ က ကျပ် ၅,၀၀၀ ပေးရသည်။
စတင် ထုတ်ပေးချိန်တွင် ကတ်ပေါင်း ၃၀၀ ခန့် ရှိသော် လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စတင်ပြီး မှတ်ပုံတင်ထားသည့် ကတ် ၁၅၀ ခန့်သာရှိကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာမှ သိရသည်။
အဆိုပါကတ်များနှင့် လေး နှစ်တာအတွင်း ကျပ်ဘီလီယံ ၃၀ ခန့် ကုန်သွယ်မှုပြုလုပ်ထားပြီး ကတ်စနစ်ဖြင့် ပို့ကုန် ၁၆၀ ကျော် နှင့်သွင်းကုန် ၂၄၀ ကျော် ခွင့်ပြု ထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment