16.11.16

မောင်တောအကြမ်းဖက်မှုများအပေါ် အလွန်စိုးရိမ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ထုတ်ပြန်

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်စပ် တွင် လတ်တလောဖြစ်ပွားနေ သည့် အကြမ်းဖက်မှုများအပေါ် အလွန်စိုးရိမ်မှုရှိကြောင်း ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင် (အာနန်ကော်မရှင်)က သ တင်းထုတ်ပြန်သည်။

နယ်စပ်မောင်တောဒေသ တွင် ဖြစ်ပွားနေသော အကြမ်း ဖက်မှုများသည် ရခိုင်ပြည်နယ်ကို မတည်ငြိမ်မှုများ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာစေရန် လမ်းကြောင်း ပေးနေပြီး အိုးအိမ်စွန့်ခွာပြေး ရှောင်သူများကို အသစ်ထပ်မံ ဖန် တီးလာနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

‘‘လူထုအသိုင်းအဝိုင်းအား လုံးအနေနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ရမည်ဖြစ်ပြီး မိမိအနေနဲ့ လုံ ခြုံရေးဆောင်ရွက်နေတဲ့ တာဝန် ရှိ ပုဂ္ဂိုလ်တွေကိုလည်း တရားဥပ ဒေနဲ့အညီ လုပ်ဆောင်ကြဖို့တိုက် တွန်းလိုပါတယ်’’ဟု ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြား ထားသည်။

အကြံပေးကော်မရှင်သည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် တုံ့ နှေးစေသည့်ရခိုင်ပြည်နယ်၏ရှုပ် ထွေးနက်နဲသော စိန်ခေါ်မှုများ အား ဖြေရှင်းနည်းများကို မြန်မာ နိုင်ငံတော်အစိုးရအတွက် အကြံ ပေးအပ်ရန် လုပ်ပိုင်ခွင့်အာဏာ ခံယူထားကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် သာယာစည်ပင်ဝပြောမှုတို့၏ ရှေ့ပြေးဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လူမျိုးခြားပေါင်းစည်းညီညွတ်မှု တို့ကို ဖြစ်ပေါ်စေမည့် ပတ်ဝန်း ကျင်ကို အကြမ်းဖက်မှုမှ ဖန်တီး နိုင်မည်မဟုတ်ဘဲ အားလုံးပါဝင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခြင်း၊ အပြန်အလှန်လေးစားမှုနှင့် လက်တွဲဆောင်ရွက်မှုကို မြှင့်တင်ခြင်းတို့က ရခိုင်ပြည်နယ်တွင် နေ ထိုင်သူများအတွက် အကျိုးရှိစေ မည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်က တာဝန်များကို ဆက်လက်ဆောင်ရွက်နေပြီး လူ ထုအသိုင်းအဝိုင်း အားလုံးကို ကော်မရှင်နှင့် အပြုသဘော ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ရန် တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်(အာနန်ကော်မ ရှင်)အဖွဲ့ဝင် ခုနစ်ဦးသည် နိုဝင် ဘာ ၁၅ ရက်က ရန်ကုန်မြို့မှ စစ် တွေမြို့သို့ ရောက်ရှိလာပြီး ပြည် နယ်အစိုးရတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ဘင်္ဂါလီခေါင်းဆောင် အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။

ကုလ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်ဦးဆောင် သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်အဖွဲ့သည် ရခိုင် ပြည်နယ်သို့ ပြီးခဲ့သည့်စက်တင် ဘာ ၆ ရက်ကရောက်ရှိခဲ့ပြီး အစိုး ရတာဝန်ရှိသူများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် အိုင်ဒီပီစခန်း များ သို့ သွားရောက်လေ့လာခဲ့ကြ သည်။

ရခိုင်ပြည်နယ် အရေးကိစ္စ များကို ဖြေရှင်းနိုင်ရန် ရခိုင်ပြည် နယ်အကြံပေးကော်မရှင်အဖွဲ့ကို သြဂုတ် ၂၄ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဖွဲ့ စည်းခဲ့ပြီး သက်တမ်းတစ်နှစ်ရှိ မည်ဖြစ်ကာ ရခိုင်ပြည်နယ်အရေး တွေ့ရှိချက်များကို အစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment